MNP ၊ဒီဇင်ဘာ ၉
ပျဉ်းမနားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဆင်သေကျေးရွာ၌ ထိုးနှံပေးခဲ့သည်။
ထိုသို့ ထိုးနှံပေးရာတွင်ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ မွေးကင်းစမှ အသက်နှစ်နှစ်အထိ ကလေးများအား BCG ရောဂါ ကာကွယ်ဆေး၊ OPV ရောဂါ ကာကွယ်ဆေး၊ ဆုံဆို့နာ၊ ကြက်ညှာ၊ ချောင်းဆိုး၊ အသည်းရောင်အသားဝါဘီ ရောဂါကာကွယ်ဆေး၊ ဝက်သက်ရောဂါကာကွယ်ဆေးနှင့် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျောရောဂါ ကာကွယ်ဆေး စသည့် အသက်အရွယ်အလိုက် သတ်မှတ်ထားသည့် ကာကွယ်ဆေးများကို လစဉ်ပုံမှန်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
မျိုးသီဟ
https://t.me/MyanmarNationalPost
No comments:
Post a Comment