အုတ်တွင်းမြို့နယ်ရှိ ကွန်ကရစ်တံတားတစ်စင်းအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်တွင်းမြို့နယ်ရှိ ကွန်ကရစ်တံတားတစ်စင်းအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး


MNP ၊ ဒီဇင်ဘာ ၉

အကြမ်းဖက်သမားများအနေဖြင့် ဒေသတွင်းလမ်းပန်းဆက်သွယ်မှုများ ပြတ်တောက်စေရန် ရည်ရွယ်၍ အများပြည်သူသွားလာအသုံးပြုလျက်ရှိနေသော ကားလမ်းများ၊ တံတားများအားမီးရှို့ခြင်း၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အဖျက်အမှောင့်လုပ်ငန်းများအား လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာ ၈ ရက်နေ့ ည ၁၁ နာရီ ၅၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ထန်းကုန်း(တောင်)ကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်း ကားလမ်းမိုင်တိုင်အမှတ် ၁၄၂ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံကြားရှိ သရက်ဆိပ်တံတားအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲခဲ့မှုကြောင့် အလျား ၂၄ ပေ၊ အကျယ် ၃၈ ပေရှိ ကွန်ကရစ်တံတား၏ အနောက်ဘက်ခြမ်း၌ ၁၂ ပေခန့် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)