ပုသိမ်မြို့တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေး အသိပညာပေး Campaign ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်မြို့တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေး အသိပညာပေး Campaign ပြုလုပ်

 

MNP ၊ ဒီဇင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေး အသိပညာပေး Campaign ကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့အဝင် ကိုးဆူတိုးဂိတ်နှင့်ချောင်းသာ-ငွေဆောင်လမ်းဆုံ တံတား အမှတ် (၁) အနီးတို့တွင် ဆောင်ရွက်ခဲ့သည်။

ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာ များစုပေါင်း၍ ပုသိမ်မြို့အဝင် ကိုးဆူတိုးဂိတ်နှင့် ချောင်းသာ-ငွေဆောင်လမ်းဆုံ တံတားအမှတ်(၁) အနီးတို့ တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေး အသိပညာပေး Campaign ပြုလုပ်ခြင်း၊ လမ်းဘေး ဈေးဆိုင် များတွင် အမှိုက်ပုံးများစနစ်တကျထားရှိ စွန့်ပစ်စေရေးကြပ်မတ်ခြင်း၊ မော်တော်ယာဉ်များပေါ်မှ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုမရှိစေရေး အသိပညာ ပေးခြင်း၊ စုပေါင်းအမှိုက်ကောက်ခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မြင့်ဟန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)