ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကချင်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်း စိုပြည်သောကျောင်း (Clean & Green Schools) အကောင်အထည်ဖော်ဆောင်ရေး မြစ်ကြီးနားခရိုင် အတွင်းရှိ ‌အခြေခံပညာကျောင်းများအတွက် ထောက်ပံ့ငွေများချီးမြှင့်ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကချင်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်း စိုပြည်သောကျောင်း (Clean & Green Schools) အကောင်အထည်ဖော်ဆောင်ရေး မြစ်ကြီးနားခရိုင် အတွင်းရှိ ‌အခြေခံပညာကျောင်းများအတွက် ထောက်ပံ့ငွေများချီးမြှင့်ပေးအပ်

MNP ၊ဒီဇင်ဘာ ၁၃

ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကချင်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ (Clean and Green Schools) ပေါ်ထွန်း လာစေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယမန်နေ့ နံနက် ၁၀ နာရီက အောင်နန်းရပ်ကွက် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ နိုင်ငံရတနာခန်းမ၌ မြစ်ကြီးနားခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် ပံ့ပိုးငွေများကို ထောက်ပံ့ပေးအပ်သည်။

အဆိုပါပံ့ပိုးငွေများ ပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အတွင်းသန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းအစီအစဉ်များကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ စတင်အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုနှစ်တွင် ပြည်နယ်အတွင်းမှ ပါဝင်ယှဉ်ပြိုင်မည့် အခြေခံ ပညာကျောင်း (၁၈)ကျောင်းအတွက် ပံ့ပိုးငွေများကို သက်ဆိုင်ရာခရိုင်အလိုက် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း၊ ယခုပံ့ပိုးပေးအပ်ငွေ များဖြင့် သက်ဆိုင်ရာဌာနများမှ အထောက်အပံ့များကို မိမိတို့၏ ကျောင်းအတွက် အခြေခံအုတ်မြစ်အဖြစ် ထိထိရောက်ရောက်အသုံးချ၍ ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား စည်းကမ်းပြည့်ဝပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ညီညွတ်သော ကျောင်းများအဖြစ် တိုးတက်ဖြစ်ထွန်းလာစေရေး၊ ကျောင်းသားလူငယ်လူရွယ်များအကြား ပတ်ဝန်းကျင်ဆိုင်ရာအတွေးအမြင် အလေ့အကျင့်ကောင်းများ ပိုမိုစိမ့်ဝင် ပျံ့နှံ့လာသည်နှင့်အတူ မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်ကို သန့်ရှင်းသာယာလှပမှုများ ပိုမိုဖန်တီးလာစေနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်ခိုင်စိုးက ပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည် သောကျောင်းများ အစီအစဉ်အတွက် ခရိုင်အလိုက် အခြေခံပညာကျောင်းများ ရွေးချယ်၍ အကောင် အထည်ဖော်ဆောင်ရွက်ထားရှိမှုများနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ဆုများရရှိခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က သန့်ရှင်း‌၍ စိမ်းလန်းစိုပြည်သောကျောင်းများ အစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစ်ကြီးနားခရိုင်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်း (၂) ကျောင်းအတွက် ငွေကျပ်သိန်း (၅၀)၊ အလယ်တန်းကျောင်း (၂)ကျောင်း အတွက် ငွေကျပ် သိန်း (၃၀)၊ မူလတန်းကျောင်း (၂)ကျောင်းအတွက် ငွေကျပ်သိန်း(၂၀)နှင့် အထွေထွေ အသုံးစရိတ် အတွက် ငွေကျပ် (၈)သိန်း ဖြင့် ပံ့ပိုးငွေစုစုပေါင်းငွေကျပ် (၁၀၈)သိန်းကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများအား ပေးအပ်သည်။

ဆက်လက်၍ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း (မြစ်ကြီးနားမြို့)၏ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်း အစီအစဉ် ဆောင်ရွက်ထားရှိမှု Video Clip ဖွင့်လှစ်ပြသမှုနှင့် ကျောင်း သား/ကျောင်းသူလေးများ၏ တေးသရုပ်ဖော်အစီအစဉ်များကို ကြည့်ရှုအားပေးခဲ့ကြ သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက အဆိုပါ ခန်းမအတွင်းကျောင်း၏ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော အစီအစဉ်အတွက် အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများအား ဖော်ထုတ်ပြသသည့် ပြခန်းငယ်အား လည်းကောင်း၊ ကျောင်းဝင်းအတွင်း သင်ကြားမှုနှင့် သင်ယူမှုဆိုင်ရာ လုပ်ငန်းများ၊ ကျောင်းအဆောက်အအုံ၊ အသုံးအဆောင်ပစ္စည်းများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ မိတ်ဖက် အဖွဲ့အစည်းနှင့် လူထုအခြေပြု လှုပ်ရှားဆောင်ရွက်မှုများစသည့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း အခြေခံစံနှုန်းများနှင့်အညီ အကောင် အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ်အနေဖြင့် အဆိုပါ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း အစီအစဉ်ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်နယ်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုများကို ချီးမြှင့်နိုင်ခဲ့ သည့် အပြင် အထက်တန်းအဆင့်တွင် ပြည်နယ်အဆင့် ပထမဆုရရှိခဲ့သော အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ မြစ်ကြီးနားမြို့သည် အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု (အထက်တန်းအဆင့်) ပထမဆုအား လည်းကောင်း၊ လာအိုနိုင်ငံ၌ ကျင်းပပြုလုပ်သည့် အာဆီယံအဆင့်တွင်လည်း မြန်မာနိုင်ငံကိုယ်စားပြု အနေဖြင့် ASEAN Eco-School Award 2023 Secondry School ဆုကို ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်များနှင့် အတူ ပြည်နယ် အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါး‌နော်ခန်းမ၌ ကျင်းပ ပြုလုပ်သော ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တာဝန်ချထားသည့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း)တို့မှ ဝိဇ္ဇာဘွဲ့နှင့် သိပ္ပံဘွဲ့ရရှိသူ အကြီးတန်းစာရေးများ လုပ်ငန်းခွင်ဝင်သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်ကျောင်းများသည် နယ်စပ် ရေးရာဝန်ကြီးဌာနလက်အောက်တွင် ဖွင့်လှစ်ထားရှိပြီး နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးနွယ်စုများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးမြင့်မားရေးအတွက် အကောင်အထည်ဖော်လျက်ရှိသည့်အပြင် ကျောင်းများတွင် ပညာ ရေးကဏ္ဍနှင့်အတူ လေ့ကျင့်ရေးကဏ္ဍတို့ကို စနစ်တကျသင်ကြားပို့ချပြီး နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာစေရေး လေ့ကျင့်ထားသည့် ကျောင်းဆင်းများဖြစ်သည့် အတွက် ယနေ့ ဝန်ကြီးဌာနအသီးသီးတွင် ဝန်ထမ်းပေါင်း နှစ်သောင်းကျော်ခန့် တာဝန်ထမ်းဆောင်နေပြီ ဖြစ်ပါကြောင်း၊ ယခု တာဝန်ထမ်း ဆောင်ကျမည့်ဝန်ထမ်းများအနေဖြင့် တည်ဆဲဥပဒေများနှင့်အညီ ပြည်သူများ၏ ဆန္နနှင့်လိုအပ်ချက်များကို ကိုယ်ချင်းစာတရားနှင့် အတတ်နိုင်ဆုံး ရိုင်းပင်းကူညီဖြည့်ဆည်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ထို့အပြင် အလုပ်တာဝန်များကို ထမ်းဆောင်သည့် အခါတွင်လည်း တာဝန်ယူတာဝန်ခံစိတ်များထားပြီး တာဝန်ရှိသူ အထက်အကြီးအကဲ၏ လမ်းညွှန်ကွပ်ကဲမှုကို အလေးထားလိုက်နာပြီး ကိုယ်ကျင့်တရားကောင်းမွန်ရေး၊ အဂတိတရားကင်းရှင်းရေးကို ရှေးရှုကာ စေတနာရင်းခံဖြင့် ဝန်ဆောင်မှုပေးကြရန်လိုကြောင်း တိုက်တွန်း မှာကြားသည်။

ထို့နောက် ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများသို့ အကြီးတန်း စာရေး တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်း (၁၈)ဦးတို့က အသီးသီးမိတ်ဆက်တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက အသီးသီး မိတ်ဆက် ခဲ့ကြကာ ဆုံးမသြဝါဒစကားများ ပြောကြားခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)