ရသေ့တောင်မြို့ (Commumity Centre)ခန်းမတွင်ဝန်ထမ်းကျင့်ဝတ်စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့ (Commumity Centre)ခန်းမတွင်ဝန်ထမ်းကျင့်ဝတ်စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်





 MNP ၊   ဒီဇင်ဘာ ၁၁

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီ အချိန်ခန့်တွင် ဝန်ထမ်းကျင့်ဝတ်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ရသေ့တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦး‌ကျော်သူဟိန်းက မိမိရုံးရှိဝန်ထမ်းများ စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေများကို ပိုမိုသိရှိစေရန်၊ စာဖတ်စွမ်းရည်မြင့်မားလာစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ ရုံးလုပ်ငန်းများနှင့်ဝန်ထမ်းကျင့်ဝတ်များအားပိုမိုသိရှိစေရန်၊  ရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ထမ်းကျင့်ဝတ်စာအုပ်ပါရည်ရွယ်ချက်များအားဖတ်ကြားဆွေးနွေးခဲ့သည်။

ထို့နောက် ဒုတိယဦးစီးမှူးဒေါ်တင်ဇာဦးက ဝန်ထမ်းစည်းကမ်းများ၊အလုပ်ချိန်နှင့်သက်

ဆိုင်သည့်စည်းကမ်းများ၊တာဝန်ထမ်းဆောင်မှု၊လုပ်ရည်ကိုင်ရည်တို့နှင့်သက်ဆိုင်သည့်စည်း

ကမ်းများအား ဆွေးနွေးဖတ်ကြားခဲ့ပြီးရုပ်သံကျွမ်းကျင်(၃) ဦးအောင်သိန်းဝေ ကအခန်း(၃)

ပါ ဌာနဆိုင်ရာအရေးယူခြင်း၊ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ဌာနဆိုင်ရာအရေးယူခြင်း၊ရှေးဦးစုံစမ်းမှုဌာနဆိုင်ရာစစ်ဆေးမှုများအားဆွေးနွေးဖတ်ကြားခဲ့သည်။

  အဆိုပါ ဝန်ထမ်းကျင့်ဝတ်စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်ခြင်းအားဖြင့်ဝန်ထမ်းများသည်

ဝန်ထမ်းကျင့်ဝတ်များကို ပိုမိုသိရှိနိုင်မည်ဖြစ်ပါ သည်။

ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)