MNP ၊ ဒီဇင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန(Community Centre) တွင် "၂၀၂၂ ခုနှစ်အတွင်းထုတ်ပြန်ခဲ့သော အမိန့်/ညွှန်ကြားချက်များ"စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့၊မွန်းလွဲ(၁၂)နာရီအချိန်က ပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်က ဝန်ထမ်းများအ အနေဖြင့် ဦးစီးဌာန၏ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းလမ်းညွန်ချက်များကို သိရှိနားလည်စေရန် ရည်ရွယ်၍ "၂၀၂၂ ခုနှစ်အတွင်းထုတ်ပြန်ခဲ့သော အမိန့်/ညွှန်ကြားချက်များ"စာအုပ်ပါ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို ဖတ်ကြားဆွေးနွေးသည်။ထို့နောက်ဝန်ထမ်းများက သက်ဆိုင်ရာကဏ္ဍများအလိုက် သိရှိလိုသည်များကို ဝိုင်းဝန်းဆွေးနွေးကြရာ ဦးစီးအရာရှိက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။ အဆိုပါ ရုံးဝန်ထမ်းများနှင့်စာဖတ်ဝိုင်းပြုလုပ်ခြင်းမှာ ဝန်ထမ်းများ အရည်အသွေးနှင့် အရည်အချင်းများ မြင့်မားလာစေရန်၊ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ အမိန့်/ ညွန်ကြားချက်များကို လိုက်နာတတ်စေရန်နှင့် အပြန်အလှန် သတင်းပေးပို့တတ်စေရန်၊လုပ်ငန်းကျွမ်းကျင်မှု ရှိစေရန် ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းသိရသည်။
အောင်တင်ကြည်
https://t.me/MyanmarNationalPost
No comments:
Post a Comment