ဂွမြို့ Community Centre ခန်းမတွင်အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး( Talk Show) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့ Community Centre ခန်းမတွင်အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး( Talk Show) ကျင်းပ


MNP ၊  ဒီဇင်ဘာ   ၁၁

ရခိုင်ပြည်နယ်၊ဂွမြို့ Community Centre ခန်းမတွင်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး( Talk Show)ကို ယနေ့ ညနေပိုင်း က ကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါ( Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က ကျား /မ အခြေပြုအကြမ်းဖက်မှုနှင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်ခိုင်ထွေးက  အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုကို နိုင်ငံတကာမှာ စတင်ဆောင်ရွက်ချိန်၊ အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေးနေ့ သတ်မှတ်သည့်ရက်၊  အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုများ ကျင်းပမှုနှင့် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ ကျား /မ အခြေပြု အကြမ်းဖက်မှု ဖြစ်ရပ်အမျိုးအစားများအကြောင်း၊ ထိုသို့အကြမ်းဖက်မှုများဖြစ်လာပါက ဆက်သွယ်ဆောင်ရွက်နိုင်မည့် နေရာများကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)