ဂွမြို့Community Centreခန်းမတွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေး(Talk Show) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့Community Centreခန်းမတွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေး(Talk Show) ကျင်းပ

 



MNP ၊  ဒီဇင်ဘာလ   ၁၄

ရခိုင်ပြည်နယ်၊ ဂွမြို့Community Centreခန်းမတွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး(Talk Show)ကို မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါTalk Showတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က အားကစားနှင့်လူငယ်ရေးရာနှင့် ပတ်သက်၍ မြို့နယ်အတွင်းလှုပ်ရှားဆောင်ရွက်မှုများကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မင်းလွင်က အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနသို့ပေးအပ်ထားသည့် တာဝန်များ၊ ရည်ရွယ်ချက်များ၊ ၂၀၂၃-ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် မြို့နယ်အတွင်းလှုပ်ရှားဆောင်ရွက်ခဲ့သည့် အားကစားလှုပ်ရှားမှုများကို ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။

ဂွမြို့နယ်အနေဖြင့် လူငယ်ရေးရာ အသိပညာပေးလုပ်ငန်းများနှင့် ပြည်သူများအတွက်ဗဟုသုတဖြစ်ဖွယ်အကြောင်းအရာများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ လစဉ် Talk Showများကို Onlineမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)