ဒေးဒရဲမြို့နယ် လုထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကဗျာရေးသားနည်းသင်တန်း ဖွင့်လှစ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဒေးဒရဲမြို့နယ် လုထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကဗျာရေးသားနည်းသင်တန်း ဖွင့်လှစ်

 

1


MNP ၊ဒီဇင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး၊ ဗလငါးတန်ပြည့်စုံသော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကဗျာရေးသားနည်းသင်တန်းကို ဒီဇင်ဘာလ (၉)ရက်နေ့ မွန်းလွဲ(၁) နာရီအချိန်ကစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်၍ အခြေခံပညာ အထက်တန်းပြ ဆရာမ ဒေါ်စုစုဌေးက ကဗျာရေးသားရာတွင် ပါဝင်ရမည့် အခြေခံအချက်များနှင့် ရေးသားနည်းများကို သင်ကြားပို့ချပေးလျက်ရှိရာ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ယူလျက်ရှိကြောင်း သိရပြီး သင်တန်းကာလ (၂) ရက်ဖြစ်ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ကျန်းမာကြံ့ခိုင်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန်အတွက် စာစီစာကုံးရေးသားနည်း၊ ကဗျာရေးသားနည်းနှင့် သိုင်းသင်တန်းများကို အခမဲ့ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


အေဇာလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages