ရခိုင်ပြည်နယ် မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

  


MNP ၊  ဒီဇင်ဘာ  ၁၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တော ခရိုင်ရုံးမှ ဝန်ထမ်း များက ပြည်ထောင် စုရာထူးဝန်အဖွဲ့ “ဝန်ထမ်းကျင့်ဝတ်”စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီ ပိုင်းက လူထု အခြေ ပြုဗဟိုဌာန Community  Centre ခန်းမ ၌ ပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်က အခန်း (၃)ပါ  ဌာနဆိုင်ရာ အရေးယူခြင်းအား ဖတ်ကြားခဲ့ပြီး ဝန်ထမ်းများက ဌာနဆိုင်ရာ အ ရေး ယူခြင်း ၊ ပြစ်မှု နှင့် ပြစ်ဒဏ်များ ခေါင်းစဉ်တွင် ပါဝင်သော ရှေးဦးစုံစမ်းမှု ၊ ဌာနဆိုင်ရာစစ်ဆေးမှု ၊ တာဝန်မှ ယာယီ ရပ်ဆိုင်းခြင်း ၊ တားမြစ်ချက်များ ၊  ပြန်လည်ခန့်ထားခြင်း ၊ အရေးယူခံရသော ဝန်ထမ်း၏ အခွင့်အရေးများ ၊ ဝန်ထမ်း စည်း ကမ်းဆိုင်ရာ ပြစ်ဒဏ်များ ၊ ပြစ်ဒဏ် များ နှင့် အကျိုးသက်ရောက်မှုများ ၊ အယူခံခွင့်တို့တွင် ပါဝင်သော အချက် အ လက် များ အကြောင်းအရာ များအား တစ်ဦး ချင်း ဖတ်ကြားခဲ့ကြပြီး  အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ 


သက်လွင်စိုး ၊ အောင်ကျော်စိန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)