MNP ၊ ဒီဇင်ဘာ ၁၃
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တော ခရိုင်ရုံးမှ ဝန်ထမ်း များက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် “နိုင်ငံဝန်ထမ်းနည်းဉပဒေများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီအချိန် လူထု အခြေ ပြုဗဟိုဌာန Comm unity Centre ခန်းမ ၌ ပြုလုပ် ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း နှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး ခရိုင်ရုံးရှိဝန်ထမ်း များက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် “နိုင်ငံဝန်ထမ်းနည်းပဒေများ”စာအုပ်ပါ အခန်း(၆) ချီးမြှင့်ငွေ နှင့် အခကြေးငွေ ခေါင်းစဉ်ထဲရှိ ချီးမြှင့်ငွေပေးအပ်ပုံ နှင့် အခကြေးငွေ ပေးအပ်မှုများ ၊ အခန်း(၇) ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း ၊ ရာထူးမှ ထုတ်ပယ်ခြင်း ၊ တာဝန်မှ ယာယီ ရပ်ဆိုင်းခြင်း ၊ ပြန်လည်ခန့်အပ်ခြင်း ဆိုင်ရာ ကိစ္စရပ်များ ၊ အခန်း(၈)တွင် ပါဝင်သော ခွင့်ခံစားခွင့် အမျိုးမျိုး နှင့် ဝန်ထမ်းများ ခံစား နိုင် သည့် ခွင့်အမျိုးအစားများ စသည့်ခေါင်းစဉ်ငယ်များ တွင် ပါဝင်သော အချက်အလက်များ အကြောင်းအရာ များအား တစ်ဦးချင်း ဖတ်ကြားခဲ့ကြပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်( မောင်တော)
https://t.me/MyanmarNationalPost
No comments:
Post a Comment