နမ့်စန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်စန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲ ဆောင်ရွက်





MNP ၊ ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ‘ကမ်းလက်မေတ္တာ’ လူမှုဖွံ့ဖြိုးရေးအဖွဲ့က ဆောင်ရွက်သည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဆွေးနွေးပွဲတွင် ကမ်းလက်မေတ္တာလူမှုဖွံ့ဖြိုးရေးအဖွဲ့မှ မြို့နယ်တာဝန်ခံ ဒေါ်ဇင်မာဝင်းအောင်နှင့် ဒေါ်မျိုးချိုတို့က ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ကိုယ်စားပြုမှုနှင့် ကျား/မအခြေပြုအကြမ်းဖက်မှုဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲကို အမျိုးသမီးများနှင့် ကလေးငယ်များ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ရပ်ကွက်နှင့် ကျေးရွာများမှ စိတ်ပါဝင်စားသူ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ်များ၊ စုစုပေါင်း ၄၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)