ဒေးဒရဲမြို့နယ်၌ (Grade- 5) ဘာသာရပ်မေးခွန်းဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့နယ်၌ (Grade- 5) ဘာသာရပ်မေးခွန်းဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ






MNP ၊ ဒီဇင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ (Grade-5)  ဘာသာရပ်သင် ဆရာ၊ ဆရာမများ သင်ကြားရေးဆိုင်ရာလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ သင်ကြားပြသနိုင်ရေးအတွက် မြို့နယ်ပညာရေးဌာနက ဦးဆောင်ကျင်းပ သည့် မြို့နယ်အဆင့် (Grade-5) ဘာသာရပ်မေးခွန်းဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူးကိုယ်စား ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး လက်ထောက်မြို့နယ်ပညာရေးမှူး ဦးကျော်ထူးက ရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းချက်များကို ဆွေးနွေးဟောပြောခဲ့သည်။ ဆက်လက်၍  သင်တန်းနည်းပြဆရာ၊ ဆရာမ (၅)ဦးက (Grade-5) ဘာသာရပ်များဖြစ်သည့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေးစသည့် ဘာသာရပ် မေးခွန်းဆိုင်ရာ အချက်အလက်များကို ဆွေးနွေးပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၁၉)ကျောင်းရှိ ဘာသာရပ် သင်ဆရာ၊ ဆရာမ စုစုပေါင်း (၄၂၈)ဦး တက်ရောက်လေ့လာလျက်ရှိကြောင်း သိရသည်။


အေဇာလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)