ဘားအံမြို့၌ ICT သင်ထောက်ကူအဖြစ် လက်တွေ့အသုံးပြုနည်းသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့၌ ICT သင်ထောက်ကူအဖြစ် လက်တွေ့အသုံးပြုနည်းသင်တန်းဖွင့်လှစ်


MNP ၊ဒီဇင်ဘာ ၂၅

ဘားအံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ပူးပေါင်း၍ ကျောင်းသင်ခန်းစာများ သင်ကြားရေးတွင် ICT ပစ္စည်းများနှင့်နည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်စေရန်၊ သင်ကြားသင်ယူမှု ပိုမိုမြန်ဆန်ထိရောက်လာစေရန် ကွန်ပျူတာ၊ မိုဘိုင်းဖုန်းများကို ဖျော်ဖြေမှုအတွက်သာမက သင်ကြားသင်ယူမှုပစ္စည်းအဖြစ် အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ICT သင်ထောက်ကူအဖြစ် လက်တွေ့အသုံးပြုနည်းသင်တန်းကို ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဒီဇင်ဘာလ(၂၂)ရက်နေ့မှစတင်၍ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

ICT သင်ထောက်ကူအဖြစ် လက်တွေ့အသုံးပြုနည်းသင်တန်းတွင် Google Form တည်ဆောက်ပုံ၊  Google Class တွင် Assignment ထည့်ပုံ၊ Power Point နှင့်သင်ခန်းစာများသင်ကြားခြင်း၊ Kahoot Game တည်ဆောက်ခြင်းစသည့် သင်ခန်းစာများကို ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းမှ ဆရာဦးစောအောင်ဘ၊ ဆရာဦးသန်းအောင်၊ မော်လမြိုင်ပညာရေးဒီဂရီကောလိပ်မှပါမောက္ခ ဒေါ်မိတိုးတိုးအောင်တို့က နည်းပြများအဖြစ် ဒီဇင်ဘာလ(၂၂)ရက်နေ့မှ (၂၆)ရက်နေ့အထိ (၅)ရက်တိုင်တိုင် သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါသင်တန်းတွင် ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ICT နည်းပညာများကို စိတ်ဝင်စားသူ ဆရာ/ဆရာမ(၃၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)