ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီး KIA/PDF ခြေကုပ်ယူထားသည့် စခန်းများကို လေကြောင်းမှ ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီး KIA/PDF ခြေကုပ်ယူထားသည့် စခန်းများကို လေကြောင်းမှ ရှင်းလင်း


MNP ၊ ဒီဇင်ဘာ ၁၂

ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနောက်ဘက်ရှိ ကပူတောကျေးရွာနှင့် လိပ်ဆင်းတောင်ရွာအနီးရှိ KIA/PDF အကြမ်းဖက်စခန်းများအား တပ်မတော်မှ ယမန်နေ့ ညမှ စတင်၍ လေကြောင်းမှ ရှင်းလင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကန့်ဘလူ၊ ကျွန်းလှဒေသ အကြမ်းလှုံ့ဆော်စာမျက်နှာများမှ အဆိုပါ လေကြောင်းမှ ရှင်းလင်းဆောင်ရွက်မှုအခြေအနေအား ရေးသားဖော်ပြထားမှုနှင့် ပတ်သက်၍ ဒေသခံတစ်ဦးထံ ဆက်သွယ်မေးမြန်းရာ "ဟုတ်ပါတယ်။ KIA/PDF ခြေကုပ်ယူထားတဲ့ နေရာတွေကို သတင်းအရ ရှင်းလင်နေတယ်လို့ သိရပါတယ်။"ဟု ပြောသည်။

တပ်မတော်က KIA/PDF ခြေကုပ်ယူထားသည့် နေရာများအား ရှင်းလင်းနေမှုအပေါ် အကြမ်းဖက်လှုံ့ဆော် Facebook စာမျက်နှာများတွင် ကျေးရွာကို ပစ်ခတ်နေသယောင် လုပ်ကြံဖန်တီးရေးသားဖော်ပြလျက်ရှိသည်။

သဖန်းဆိပ်ဆည်အနီးရှိ ကျေးရွာများတွင် KIA/PDF အကြမ်းဖက်အဖွဲ့များခိုအောင်းနေထိုင်လျက်ရှိပြီး ဆည်အတွင်း တရားမဝင် ရွှေမျောများထံမှ လစဉ်ဆက်ကြေးကောက်ခံရယူပြီး အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ 


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)