ဖမ်းဆီးရမိခြင်း မရှိသေးသော KNDF အကြမ်းဖက်အဖွဲ့မှ အကြမ်းဖက်သမားတစ်ဦး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖမ်းဆီးရမိခြင်း မရှိသေးသော KNDF အကြမ်းဖက်အဖွဲ့မှ အကြမ်းဖက်သမားတစ်ဦး






ကယားပြည်နယ်မှာ အကြမ်းဖက်လုပ်ရပ်တွေ စဉ်ဆက်မပြတ် ကျူးလွန်ရင်းက အကြမ်းဖက်လှုပ်ရှားသူတွေရဲ့ မြှောက်ပေးခြင်းခံရပြီး အကြမ်းဖက်သမားများကြားမှာ ထင်ပေါ်လာသူတစ်ဦး ရှိပါတယ်။ ထိုသူကတော့ မာဝီ ဆိုသူ KNDF အကြမ်းဖက်အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။ အလုပ် မရှိ အကိုင်မရှိ အရက်လေးတမြမြနေရင်းက ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆန္ဒပြပွဲများမှာ ပါဝင်ရာကနေ KNDF အကြမ်းဖက်အဖွဲ့ထဲကို ရောက်ရှိလာသူ ဖြစ်ပါတယ်။

ယခုဆိုရင် မာဝီဟာ အကြမ်းဖက်သမားများထဲမှာ ဆယ်လီတစ်ဦးအဖြစ် ရပ်တည်လာပါပြီ။ 

KNDF အကြမ်းဖက်အဖွဲ့ဟာ ကယားပြည်နယ်အတွင်းမှာ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေရုံမျှမက ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲက ကျေးရွာများကို ဝင်ရောက်ပြီး ဓားပြတိုက် လုယက်မှုတွေ ကျူးလွန်ခဲ့သလို ပအိုဝ်းဒေသခံ ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေလည်း ကျူးလွန်ခဲ့ကြပါတယ်။

ရှမ်းပြည် (မြောက်ပိုင်း)မှာ MNDAA, TNLA, AA အကြမ်းဖက်အဖွဲ့တွေကို ပြည်သူလူထု အတိဒုက္ခရောက်စေမယ့် အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်တာတဲ့ တချိန်တည်းမှာပဲ ကယားပြည်နယ်အတွင်းမှာလည်း KNDF,PDF တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ လွိုင်ကော်တက္ကသိုလ်က ဆရာ၊ဆရာမတွေကို ဖမ်းဆီးတဲ့ လုပ်ရပ်တွေကို ကျူးလွန်ခဲ့သလို လွိုင်ကော်မြို့တွင်း ဝင်ရောက်ပြီး မီးရှို့ ဖျက်ဆီးမှုတွေလည်း ကျူးလွန်ခဲ့ကြပါတယ်။ လွိုင်ကော်မြို့ဟာလည်း အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် သုဿာန်တစပြင်အလား ပျက်စီးဆုံးရှုံးမှု များစွာနဲ့ ရုပ်ဆိုးကျည်းတန်လာပါတယ်။

KNDF အကြမ်းဖက်အဖွဲ့ဝင် မာဝီ ဆိုသူက အခုအခါမှာ ထပ်မံပြီး ပြည်သူလူထုကို ခြိမ်းခြောက်လာနေပါတယ်။ အကြမ်းဖက်လှုပ်ရှားမှုကို အားပေးထောက်ခံလာအောင် စည်းရုံးသိမ်းသွင်းမှုတွေ လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။

အကြမ်းဖက်သမား မာဝီရဲ့ ရေးသားဖော်ပြချက်မှာ သူတို့ အကြမ်းဖက်အဖွဲ့တွေကို ထောက်ပံ့ပေးနေတဲ့ သူတွေ ရှိတယ်။ မြို့ပေါ်က ငွေကြေးကြွယ်ဝ ချမ်းသာတဲ့သူတွေက အကြမ်းဖက်လှုပ်ရှားမှုကို ထောက်ပံ့ကူညီမှု မရှိတဲ့အပေါ်မှာ ပစ်တင်ပြောဆိုလာပါတယ်။ အကြမ်းဖက်သမား မာဝီ ရဲ့ ရေးသားလှုံ့ဆော်မှုကို အကြမ်းဖက်အားပေး မီဒီယာများကလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေ လှုံ့ဆော်ပေးလျက်ရှိပါတယ်။ 

ကယားပြည်နယ်အတွင်းမှာ KNDF, PDF အကြမ်းဖက်အဖွဲ့တွေ ကာလရှည်ကြာ ဆိုးသွမ်းနေသည့်တိုင်အောင် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြတ်ပြတ်သားသား နှိမ်နင်းမှုမရှိတာကတော့ တကယ်ကို အံ့သြဖို့ကောင်းပါတယ်။ အများပြည်သူကို အတိဒုက္ခရောက်စေလိုတဲ့ ရည်ရွယ်ချက်က ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့နဲ့ သူတို့ရဲ့ လက်ပါးစေတွေမှာသာ ရှိနေခြင်းမျိုး မဟုတ်တော့ဘဲ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်နေတဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ ဆောင်ရွက်ချက်တွေကလည်း မေးခွန်းထုတ်စရာများနဲ့ ပြည့်နက်နေပါတယ်။ 

ဒေသဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ဒီပုံစံအတိုင်းပဲ ဆက်သွားနေမယ်ဆိုရင်ဖြင့် ကယားပြည်နဲ့ရဲ့ ရုံးစိုက်ရာမြို့ လွိုင်ကော်သည်လည်း ချင်းပြည်နယ် က ထန်တန်မြို့လို့ မြို့ပျက်ကြီး ဖြစ်ရပါလိမ့်မယ်။ တိုင်းဖျက် ပြည်ဖျက် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေသည့် အဖွဲ့အစည်းများ တိကျပြတ်သားစွာ နှိမ်နင်းဆောင်ရွက်ခြင်း မရှိသော လုပ်ရပ်သည် တစ်နည်းအားဖြင့် အကြမ်းဖက်အားပေး လုပ်နေကြသူများပင် ဖြစ်တော့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)