နတ်သံကွင်းမြို့ကို လာရောက်တိုက်ခိုက်သော KNLA, PDF အကြမ်းဖက်သမားများ အသေအဆုံးများခဲ့သော်လည်း ထိန်းချုပ်ထားနိုင်ဟု ဝါဒဖြန့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်သံကွင်းမြို့ကို လာရောက်တိုက်ခိုက်သော KNLA, PDF အကြမ်းဖက်သမားများ အသေအဆုံးများခဲ့သော်လည်း ထိန်းချုပ်ထားနိုင်ဟု ဝါဒဖြန့်



MNP ၊ ဒီဇင်ဘာ ၂၇

နတ်သံကွင်းမြို့ကို လာရောက်တိုက်ခိုက်သော KNLA, PDF အကြမ်းဖက်သမားများ အသေအဆုံးများခဲ့သော်လည်း အကြမ်းဖက်အဖွဲ့ကို ဦးဆောင်သူများက ပြည်ဖျက်မီဒီယာများနှင့် ချိတ်ဆက်၍ နတ်သံကွင်းမြို့ကို ၎င်းတို့ ထိန်းချုပ်ထားနိုင်ဟု ဝါဒဖြန်ချိမှုများ လုပ်ဆောင်လျက်ရှိသည်။

ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သော Khit Thit Media တွင် နတ်သံကွင်းမြို့ကို KNLA ဦးဆောင်သော အကြမ်းဖက်အဖွဲ့များက ထိန်းချုပ်ထားပြီး အုန်းနှဲပင်စစ်တပ်ဂိတ်ကို တိုက်ခိုက်သိမ်းပိုက်မှုတွင်  စစ်သား ၈ ဦးသေဆုံးကာ လက်နက် ၈ လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း ရေးသားဖြန့်ချိနေသည်ကို တွေ့ရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၄ နာရီခန့်အချိန် ကျောက်ကြီးမြို့နယ်၊ ပဲနွယ်ကုန်းမြို့နှင့် နတ်သံ ကွင်းမြို့ကြားရှိ အုန်းနှဲပင်စစ်တပ်ဂိတ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား အလောင်း ၈ လောင်း၊ သေနတ် ၈ လက် နှင့် ခဲယမ်း၊မိုင်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ နတ်သံကွင်းမြို့ ကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း ပြည်ပြေး ဝရမ်းပြေး လုပ်ကြံသတင်းများ ဖန်တီးရေးသားသည့် ခွေးဝဲစား သာလွန်ဇောင်းထက် ၏ ရေးသားဖော်ပြလျက်ရှိသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သတင်းထုတ်ပြန်ချက်များအရ နတ်သံကွင်းစခန်းကို လာရောက်တိုက်ခိုက်သော KNLA, PDF အကြမ်းဖက်သမားများ အသေအဆုံးများပြားပြီး လက်နက်ခဲယမ်းများကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရရှိခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)