ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ဒုတိယမြောက်နေ့အဖြစ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ဒုတိယမြောက်နေ့အဖြစ်ဆောင်ရွက်






MNP ၊   ဒီဇင်ဘာ  ၁၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ် မဲပေးစက်ဖြင့် မဲပေးခြင်း အသိပညာပေးလုပ်ငန်းနှင့် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ဒုတိယနေ့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးအခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်မှ ညနေ ၃ နာရီအချိန်ထိ ဆောင်ရွက်ခဲ့သည်။

    ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများက ကြီးကြပ်ကာရှင်းလင်းပြသ ဆောင်ရွက်ခဲ့ကြပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ မြို့နယ်အတွင်းရှိ ရပ်ကွက် (၂၂) ရပ်ကွက်မှ မဲဆန္ဒရှင်ပြည်သူ (၂၇၅) ဦး၊ စုစုပေါင်းမဲဆန္ဒရှင်ပြည်သူ (၃၇၃) ဦးတက်ရောက်ကာ လက်တွေ့စမ်းသပ်မဲပေး လေ့လာခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)