အရာတော်မြို့နယ်တွင် PDF အကြမ်းဖက်သမားများ၏ Drone ၂ စီးအား ပစ်ချသိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရာတော်မြို့နယ်တွင် PDF အကြမ်းဖက်သမားများ၏ Drone ၂ စီးအား ပစ်ချသိမ်းဆည်းရမိ



MNP ၊ ဒီဇင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြိုနယ်၊ ငွေတွင်းကျေးရွာ အရှေ့တောင်ဘက်၌ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းအား  PDF အကြမ်းဖက်သမား ၃၀ ဦးခန့်တို့က Drone ဖြင့် တိုက်ခိုက်ခြင်း၊ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ အသုံးပြုသည့် Drone ၂ စီးအား ပစ်ချသိမ်းဆည်းရမိခဲ့ကြောင်း တိုက်ပွဲသတင်း ထုတ်ပြန်ချက်များအရ သိရသည်။

ထိတွေ့မှုဖြစ်စဉ်အတွင်း PDF အကြမ်းဖက်သမားများ ထိခိုက်ဒဏ်ရာရရှိပြီး ထွက်ပြေးတိမ်းရှောင်သွားကြကြောင်း သိရသည်။

အရာတော်မြို့နယ်တွင် NLD လွှတ်တော်အမတ်ဟောင်းများ ဖြစ်ကြသည့် ဝဏ္ဏ၊ ခင်မောင်လွင် နှင့် ဘိတ်သိတ်ဆရာ သော်က တို့က ကျေးရွာများတွင် PDF အကြမ်းဖက်အဖွဲ့များ ဖွဲ့စည်းထားပြီး ၎င်းတို့အား ထောက်ခံအားပေးခြင်းမရှိသည့် ပြည်သူများကို နည်းလမ်းမျိုးစုံဖြင့် အနိုင်ကျင့်စော်ကား ဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြသော်လည်း အဆိုပါ PDF အကြမ်းဖက်စခန်းများကို လုံးဝရှင်းလင်းခြင်း မရှိပေ။ PDF အကြမ်းဖက်သမားများက ဖုန်းတာဝါတိုင်များကို ဖျက်ဆီးပြီး ရောင်းစားခဲ့ကြသည့်အတွက် ဆက်သွယ်ရေးတာဝါတိုင်များလည်း မရှိတော့ပေ။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)