PDF အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်ဆက်နွယ်သူ ၃ဦးကို စစ်ခုံရုံးက ပြစ်ဒဏ်ချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်ဆက်နွယ်သူ ၃ဦးကို စစ်ခုံရုံးက ပြစ်ဒဏ်ချမှတ်


MNP ၊ ဒီဇင်ဘာ ၈

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ CRPH, NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး ထိန်းသိမ်းပြီး ပြစ်ဒဏ်များ ချမှတ်လျက်ရှိရာ စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်ထားသော မြို့နယ်များတွင် ဖမ်းဆီးရမိ အကြမ်းဖက်သမား၊ အကြမ်းဖက်လှုံ့ဆော်သူများကို စစ်ခုံရုံးမှ ပြစ်ဒဏ်များ ချမှတ်လျက်လျက်ရှိသည်။

၆-၁၂-၂၀၂၃ ရက်နေ့က ရွှေဘိုမြို့နယ်တွင် နေထိုင်လျက်ရှိပြီး အများပြည်သူ၏ လုံခြုံရေးနှင့် အသက်အိုးအိမ်စည်းစိမ်ကို ပြင်းထန်စွာ ထိခိုက်စေခြင်းနှင့် အကြမ်းဖက်အုပ်စုအတွက် ကျေးရွာအတွင်းမှ ငွေကြေးများ အဓမ္မကောက်ခံပေးခြင်း တို့အား ကျူးလွန်ခဲ့သူ တရားခံ ကျော်မြင့်သိန်း အား စစ်ခုံရုံးတွင် စစ်ဆေးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) အရ  ထောင်ဒဏ်တစ်သက် ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရသည်။

ထို့အတူ ရွှေဘိုမြို့နယ်တွင် နေထိုင်လျက်ရှိပြီး အများပြည်သူများ သွားလာလျှက်ရှိသည့် လမ်းပေါ်တွင် မိုင်းများထောင်ခြင်း၊ အကြမ်းဖက်သင်တန်းတက်ရောက်ခြင်းနှင့် ကင်းစောင့်ခြင်းတို့အား ကျူးလွန်ခဲ့သူ တရားခံ ဆွေမောင်ဝင်း(ခ)ချဉ်ဟင်း အား စစ်ခုံရုံးတွင် စစ်ဆေးခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) အရ  ထောင်ဒဏ်တစ်သက် ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရသည်။

၆-၁၂-၂၀၂၃ ရက်နေ့က ကျောက်မြောင်းမြိုနယ်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အုပ်စုအတွက် ငွေကြေးများ အကြိမ်ကြိမ်ထောက်ပံ့မှု ကျူးလွန်ခဲ့သူ တရားခံ မစိမ်း(ခ)မြင့်မြင့်စိမ်း အား စစ်ခုံရုံးတွင် စစ်ဆေးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) အရ  ထောင်ဒဏ်တစ်သက် ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရသည်။

စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း ပြစ်မှုကျူးလွန်သူများအား စစ်ခုံရုံးဖြင့် စစ်ဆေးစီရင်၍ ပြစ်မှုကျူးလွန်သူ (၃၁၉) ဦးအား ပြစ်ဒဏ်များ ချမှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)