PDF အကြမ်းဖက်သမားများ၏ ဒရုန်းအား ပြည်သူ့စစ်တပ်ဖွဲ့ဝင်များမှ ပစ်ချသိမ်းဆည်းနိုင်ခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အကြမ်းဖက်သမားများ၏ ဒရုန်းအား ပြည်သူ့စစ်တပ်ဖွဲ့ဝင်များမှ ပစ်ချသိမ်းဆည်းနိုင်ခဲ့


MNP ၊ ဒီဇင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ် နှင့် ကန့်ဘလူမြို့နယ်အတွင်း မူးမြစ်ကမ်းပါးရှိ ပြည်သူ့စစ်ကျေးရွာများအား  PDF အကြမ်းဖက်သမားများသည် ယနေ့ နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးပစ်ချ တိုက်ခိုက်ရန် လွှတ်တင်ခဲ့ရာ ဆရာတော်ဦးဝါသဝ ၏ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပစ်ချ သိမ်းဆည်းနိုင်ခဲ့သည်။

တန့်ဆည်မြို့နယ်အတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် PDF အကြမ်းဖက်သမားများသည် မကြာခဏ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ကြပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပစ်ချသိမ်းဆည်းနိုင်ခဲ့သည်။ ယနေ့ နံနက် PDF အကြမ်းဖက်သမားများထံမှ ဒရုန်းရရှိမှုသည် ၁၅ စီးမြောက်ရရှိမှုဖြစ်ကြောင်း သိရသည်။

KIA/PDF အကြမ်းဖက်သောင်းကျန်းသူများသည် တန့်ဆည်မြို့ကို မြို့သိမ်းတိုက်ပွဲဟု ကြွေးကြော်ကာ တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ကြသော်လည်း မရှုမလှ အသေအဆုံးများပြားပြီး တောတွင်း ပြန်လည်ခိုအောင်းကာ ပြည်သူ့စစ်ကျေးရွာများကို ချောင်းမြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြခြင်းဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)