ထီးချိုင့်မြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် ကျောက်စေတီဘုန်းကြီးကျောင်းအတွင်း စစ်ဘေးရှောင်နေထိုင်သည့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထီးချိုင့်မြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် ကျောက်စေတီဘုန်းကြီးကျောင်းအတွင်း စစ်ဘေးရှောင်နေထိုင်သည့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိ


MNP ၊ ဒီဇင်ဘာ ၆

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကို လိုလားသူ လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ် သည့် အပြစ်မဲ့အရပ်သားပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင် လျက်ရှိပါသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာလ ၃ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်တွင် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီး၌ ဗုံးသီးစထိမှန်ဒဏ်ရာရရှိထားသည့် ကလေးငယ်တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့၊ အမှတ်(၂)ဈေးကုန်းရပ်ကွက်နေ မောင်ဝေယံမိုး (၁၁)နှစ်အား ယာပေါင်၌ ဗုံးသီးစထိမှန် ဒဏ်ရာတစ်ချက်ရရှိထားသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းသည် ထီးချိုင့်မြို့အား KIA လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက လာရောက် ပစ်ခတ်တိုက်ခိုက်လျက်ရှိသဖြင့် အမှတ်(၂)ဈေးကုန်းရပ်ကွက်ရှိ ကျောက်စေတီဘုန်းကြီးကျောင်း၌ စစ်ဘေးရှောင်နေထိုင်လျက်ရှိစဉ် ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများ ပစ်ခတ်ခဲ့သည့် ဗုံးသီးတစ်လုံး ဘုန်းကြီးကျောင်းဝင်းအတွင်းကျရောက် ပေါက်ကွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)