မြို့နယ်အချို့၌ နိုင်ငံဝန်ထမ်းများ၊ အေးချမ်းစွာနေထိုင်လျက်ရှိသော အပြစ်မဲ့အရပ်သား ပြည်သူများအား PDF အမည်ခံအကြမ်းဖက်သမားများက သေနတ်၊ ဓားများဖြင့် အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့နယ်အချို့၌ နိုင်ငံဝန်ထမ်းများ၊ အေးချမ်းစွာနေထိုင်လျက်ရှိသော အပြစ်မဲ့အရပ်သား ပြည်သူများအား PDF အမည်ခံအကြမ်းဖက်သမားများက သေနတ်၊ ဓားများဖြင့် အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ်


MNP ၊ ဒီဇင်ဘာ ၇

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တို့မှ နိုင်ငံဝန်ထမ်းများ၊ အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ အရပ်သားပြည်သူများအား လူထုအတွင်း အကြောက်တရားလွှမ်းမိုး စေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ ပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံး ပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်တွင် ကရင် ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ အမှတ်(၃)ရပ်ကွက် ကံ့ကော်လမ်းသွယ်(၃)လမ်းနေ ဦးမြတ်ကျော် (၆၈)နှစ်သည် ၎င်း၏နေအိမ်၌ မိသားစုနှင့်အတူရှိနေစဉ် အကြမ်းဖက်သမားနှစ်ဦး (စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ဦးမြတ်ကျော် တွင် မေးစေ့၊ ရင်ဘတ်နှင့် ယာလက်မောင်းတို့၌ ကျည်ဖောက်ဝင်ဒဏ်ရာသုံးချက် ရရှိကာ အခင်း ဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ၎င်း၏ဇနီး ဒေါ်အေးမြင့် (၅၂)နှစ်တွင် ယာပေါင်၌ ကျည်ရှပ်ထိဒဏ်ရာ တစ်ချက်ရရှိခဲ့သဖြင့် ဘုရားသုံးဆူတိုက်နယ်ဆေးရုံ၌ ဆေးကုသမှုခံယူလျက် ရှိကြောင်း သိရသည်။

အလားတူ နံနက် ၁၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် မတ္တရာမြို့မှ အောက်တောင်ကိုင်းကျေးရွာသွားလမ်းပေါ်၌ အမျိုးသားတစ်ဦး ထိုးသွင်း၊ ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မတ္တရာမြို့နယ်၊ သီလကုန်းကျေးရွာနေ ဦးဇော်ထူး(ခ) ရွှေထူး(၄၀)နှစ်အား လည်ပင်းပြတ်ရှဒဏ်ရာ တစ်ချက်၊ နောက်ကျောထိုးသွင်းဒဏ်ရာလေးချက်တို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းသည်တစ်ရွာတည်းနေသူများဖြစ်သည့် ကိုကျော်စွာထွန်း (၂၆)နှစ်၊ ကိုဝေယံထွန်း (၂၂)နှစ်၊ မငယ်လေး (၂၉)နှစ်တို့နှင့်အတူ အောက်တောင်ကိုင်းကျေးရွာ၏ အနောက်ဘက် ၂ ဖာလုံခန့်အကွာရှိ ဦးကျော်နိုင် ပိုင်ဆိုင်သည့် ဖရဲစိုက်ခင်းယာစောင့်တဲ၌ရှိနေစဉ် နံနက် ၁ နာရီခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားလေးဦး (စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး ဦးဇော်ထူး(ခ)ရွှေထူး၊ ကိုကျော်စွာထွန်းနှင့် ကိုဝေယံထွန်းတို့အား ဖမ်းဆီးခေါ်ဆောင်သွားကာ အခင်းဖြစ်နေရာအရောက်၌ ဦးဇော်ထူး (ခ) ရွှေထူးအား ဓားများဖြင့် ရက်စက်စွာ ထိုးခုတ်သတ်ဖြတ်ခဲ့ပြီး ကိုကျော်စွာထွန်းနှင့် ကိုဝေယံထွန်း တို့နှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားသဖြင့် ၎င်းတို့နှစ်ဦးအား ပြန်လည်ကယ်တင် နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ နေ့လယ် ၁၂ နာရီတွင် မြင်းခြံမြို့နယ်၊ ဇလပ်ကုန်းကျေးရွာနေ ဦးသန်းဇော် (၄၇)နှစ်သည် ၎င်း၏နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်သမားသုံးဦး (စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဦးသန်းဇော်နှင့် ၎င်း၏ဇနီး ဒေါ်ညိုညိုစန်း(၅၀)နှစ် တို့အား နေအိမ်ရှေ့လမ်းပေါ်သို့ ဖမ်းဆီးခေါ်ဆောင်ကာ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဦးသန်းဇော် ပိုင်ဆိုင်သည့် ဆိုင်ကယ်နှစ်စီးတို့အား လုယက်ယူဆောင်သွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဦးသန်းဇော်နှင့် ဒေါ်ညိုညိုစန်းတို့အား ၎င်းတို့၏ နေအိမ်ရှေ့လမ်းပေါ်တွင် ဝဲနားထင်၊ လည်ပင်းတို့၌ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ၎င်းတို့၏အလောင်းများအား မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိခဲ့ ကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၁ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ငှက်ကြီးသိုက်ကျေးရွာ၌ အမျိုးသားတစ်ဦးအား PDF အမည်ခံအကြမ်းဖက်သမားနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွား သဖြင့် သေဆုံးခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျေးရွာအနီး၌ တည်ဆောက်နေသည့် မြို့ချောင်းဆည်စီမံကိန်းတည်ဆောက်ရေး(၁)မှ ဦးစီးအရာရှိ (၂)ဖြစ်သူ လှည်းကူးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်နေ ဦးအောင်ဝင်း(၅၉)နှစ်အား ငှက်ကြီးသိုက် ကျေးရွာနေ ဦးဝင်းမြင့်၏နေအိမ်ရှေ့၌ မေးစေ့၊ လည်ပင်းနှင့် ဝမ်းဗိုက်တို့၌ ကျည်ထိမှန်ဒဏ်ရာလေးချက် ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ဖြစ်စဉ်အားစိစစ်ခဲ့ရာ ၎င်းသည် ဆည်စီမံကိန်းလုပ်ငန်းများအား ကြီးကြပ်လုပ်ကိုင်ပြီး ဦးဝင်းမြင့်၏နေအိမ်ရှေ့၌ ထိုင်နေစဉ် PDF အမည်ခံအကြမ်းဖက်သမားနှစ်ဦး (စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး‌ သေနတ်ဖြင့် ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)