ရခိုင်ပြည်နယ် မောင်တောမြို့၌ လူငယ် နှင့် မသန်စွမ်းသူများအကြောင်း အသိပညာပေး Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ လူငယ် နှင့် မသန်စွမ်းသူများအကြောင်း အသိပညာပေး Talk Show ပြုလုပ်

MNP  ၊  ဒီဇင်ဘာ  ၆


ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ လူငယ် နှင့် မသန်စွမ်းသူများအကြောင်း အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီအချိန် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တောခရိုင်ရုံး လူထု အခြေ ပြု ဗဟို ဌာန  Community Center ခန်းမ တွင်  ကျင်းပ ပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ  လက်ထောက် ညွန်ကြား ရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင် နှင့် ဦးစီးအရာရှိ ဒေါ်အေးမြသန်းတို့က လူငယ် နှင့် မသန်စွမ်းသူများအကြောင်း အသိပညာပေး Talk Show ပြုလုပ်ခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခြင်း ၊ ကမ္ဘာ့လူဦးရေ တစ်ဘီလီ ယံကျော်သည် မသန်စွမ်းမှု တစ်မျိုးမျိုးကို ခံစားနေကြရသူများဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ နှင့် ကမ္ဘာ့ ဘဏ်တို့ ပူးပေါင်းထုတ်ပြန်သည့် အစီရင်ခံစာ တစ်ရပ်အရ သိရှိရပါကြောင်း ၊ အဆိုပါအရေအတွက်သည် ကမ္ဘာ့ လူဉီးရေ၏  ၁၅ ရာခိုင်နှုန်း ခန့်ရှိပြီး နည်းမျိုးစုံဖြင့်  ခွဲခြားဆက်ဆံမှု ၊ ဆင်းရဲဒုက္ခအမျိုးမျိုး နှင့် ကြုံတွေ့နေရပြီး  အခွင့်အရေးများ ဆုံးရှုံးမှုတို့ကို ခံစားနေကြရပါကြောင်း ၊  ကမ္ဘာ့ မသန်စွမ်းသူအားလုံး၏ ၈၀ ရာခိုင်နှုန်းကျော်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများ ရှိနေခြင်းဖြစ်သည့်အလျောက် ပိုမို၍ ထိခိုက်ခံစားကြရပါကြောင်း ၊ “မသန်စွမ်းသူ ဆိုသည်မှာ ပတ်ဝန်းကျင်ရှိ အတားအဆီးများကြောင့် လူ့အဖွဲ့အစည်းအတွင်း အများနည်းတူ အပြည့်အဝထိ ရောက်စွာ ပါဝင်ဆောင်ရွက်မှု မပြုနိုင်သော ကိုယ်ခန္ဓာပိုင်း ၊ စိတ်ပိုင်း ၊ဉာဏ်ရည်ပိုင်း (သို့မဟုတ်) အာရုံခံစားမှုပိုင်း ဆိုင်ရာ ရေရှည်ချို့ယွင်းချက်ရှိသူများကို ဆိုလိုသည်ဟု” ကုလသမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေး သဘောတူ စာချုပ်တွင် ဖွင့်ဆိုထားပါကြောင်း ၊ မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ အမျိုးသားကော်မတီကို ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး “မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ် စီမံကိန်း ကို ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်”ကို ပြဋ္ဌာန်းကာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတွင်  မြန်မာ့ လူဘောင် အဖွဲ့အစည်းအတွင်းရှိ  မသန်စွမ်းသူများ၏  ဘဝ အရည်အသွေးပိုမို ဖွံ့ဖြိုး လာစေရန် အများပြည်သူ နည်းတူ တန်းတူညီမျှ အခွင့်အရေး ရရှိရေး ကြိုးပမ်းဖော်ဆောင်ရန် ၊ မသန်စွမ်း သူ များ၏ ဂုဏ်သိက္ခာ နှင့် စွမ်းဆောင်ရည်တို့ကို အလေးဂရုပြုတတ်စေရန်ဟူသည့် ရည်ရွယ်ချက်များဖြင့်  အပြည် ပြည်ဆိုင်ရာ မသန်စွမ်း သူများနေ့ အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပလျက်ရှိပါကြောင်း စသည့်တို့ကို အသိပညာပေး ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ 

သက်လွင်စိုး ၊ အောင်ကျော်စိန်  

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)