UMFCCI သင်းဝင်များအနေဖြင့် အိန္ဒိယနိုင်ငံတွင် ကျင်းပမည့် PLEXCONNECT 2024 သို့ ပါဝင်တက်ရောက်နိုင်ကြောင်း ထုတ်ပြန် အသိပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

UMFCCI သင်းဝင်များအနေဖြင့် အိန္ဒိယနိုင်ငံတွင် ကျင်းပမည့် PLEXCONNECT 2024 သို့ ပါဝင်တက်ရောက်နိုင်ကြောင်း ထုတ်ပြန် အသိပေး

 



MNP ၊ ဒီဇင်ဘာ ၂၁

ပလတ်စတစ်ပို့ကုန်မြှင့်တင်ရေးကောင်စီ (PLEXCONCIL) သည် ကူးသန်းရောင်းဝယ်ရေးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ အိန္ဒိယအစိုးရနှင့်ပူးပေါင်း၍ PLEXCONNECT 2024 ကိုအိန္ဒိယနိုင်ငံ၊ Mumbai တွင် ၂၀၂၄ ခုနှစ် ၊ ဇွန်လ ၇ ရက်နေ့မှ ၉ ရက်နေ့ အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး UMFCCI အသင်းဝင်များ ပါဝင်တက်ရောက်နိုင်ရန် အသိပေးထုတ်ပြန်ထားသည်။

အိန္ဒိယနိုင်ငံ၏ တစ်ခုတည်းသော ပို့ကုန်အဓိကထားသည့် ပြပွဲကို PLEXCONNECT 2024 တွင် နိုင်ငံပေါင်း ၁၀၀ ကျော်မှ ဝယ်ယူသူ အဝယ်တော် ၉၀၀ ကျော် ပါဝင်တက်ရောက်ပြီး Trade Visitor ပေါင်း ၂၅,၀၀၀ ကျော်၊ ပါဝင်ပြသသူပေါင်း ၅၀၀ ကျော်အတွက် ကွန်ယက်ချိတ်ဆက်မှုနှင့် လုပ်ငန်းအခွင့်အလမ်းများရရှိနိုင်မည်ဖြစ်ပြီး ပလတ်စတစ်များကို မြန်မာနိုင်ငံမှ အရည်အသွေးပြည့်မီသော ပလတ်စတစ်ဝယ်ယူသူများအား PLEXCONNECT 2024 တွင် စီစဉ်ထားသော RBSM သို့ ဖိတ်ခေါ်လိုသည့်အပြင် ဝယ်ယူသူများကို MAI အစီအစဉ်အရ ဖိတ်ခေါ်မည် ဖြစ်ပြီး အစီအစဉ်၏တည်ဆဲစံနှုန်းများအတိုင်း ရွေးချယ်ခံရသော အဝယ်တော်များအား လေယာဉ်ခ၊ ဟိုတယ် (၂ ည) နှင့် ground hospitality ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။

“PLEXCONNECT 2024” သို့ ပါဝင်ပြသရန်စိတ်ပါဝင်စားသည့် ကုန်သည်/စက်မှုအသင်းချုပ်ရှိ ညီနောင်အသင်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အသေးစိတ်အချက်အလက်များကို Website: www.plexconcil.org/plexconnect/ နှင့် https://www.plexconcil.org/ plexconnect/buyer-details သို့ ဆောလျင်စွာ တိုက်ရိုက်ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်ပြီး Mr. Ruban Hobday, Regional Director, Email: ruban.hobday@plexconcil.org သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းစုံစမ်း၍  Registration ပြုလုပ်နိုင်မည်ဖြစ်ကြောင်းနှင့် ကုန်သည်/စက်မှုအသင်းချုပ်၊ အသင်းသားရေးရာဌာန၊ ပြပွဲဌာနစိတ်၊ Email: itpc.umfcci@gmail.com၊ ဖုန်း၀၁-၂၃၁ ၄၃၄၄ (Ext: ၃၀၁)၊ သို့ အမည်စာရင်းမိတ္တူပူးတွဲ ပေးပို့နိုင်ပါရန် အသိပေး အကြောင်းကြား ဖိတ်ကြားအပ်ထားသည်။


Myanmar National Post

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)