Uttarakhand Global Investor Summit 2023 (UKGIS) သို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Uttarakhand Global Investor Summit 2023 (UKGIS) သို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်





MNP ၊ ဒီဇင်ဘာ ၁၂

အိန္ဒိယနိုင်ငံ၊ ဥတ္တရခန်းပြည်နယ်၊ ဒါရာဒွန်းမြို့တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် Uttarakhand Global Investor Summit 2023 (UKGIS) သို့ ဥတ္တရခန်းပြည်နယ်အစိုးရ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ UKGIS ထိပ်သီးအစည်းအဝေးတွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒြာမိုဒီ က အမှာစကားပြောကြားခဲ့ပြီး နိုင်ငံတွင်းနှင့် နိုင်ငံတကာမှ အစိုးရအရာရှိများ၊ သံတမန်များ၊ လုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများဖြင့် ကိုယ်စားလှယ် စုစုပေါင်း (၅,၀၀၀) ကျော် တက်ရောက်ခဲ့ကြသည်။ 

အစည်းအဝေးတွင် မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် အိန္ဒိယနိုင်ငံမှ အရာရှိများ၊ စီးပွားရေးလုပ်ငန်းရှင်များအပြင် တက်ရောက်လာသည့် နိုင်ငံအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးအခွင့်အလမ်းနှင့် အလားအလာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)