ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) က ကြီးမှူး ကျင်းပသော ( ၁၀၃)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားနှင့် ဗုဒ္ဓဘာသာကလျာဏ ယုဝ အသင်း(YMBA)ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) က ကြီးမှူး ကျင်းပသော ( ၁၀၃)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားနှင့် ဗုဒ္ဓဘာသာကလျာဏ ယုဝ အသင်း(YMBA)ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်


MNP ၊ ဒီဇင်ဘာလ ၇

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)က ကြီးမှူးကျင်းပသော (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားနှင့် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း(YMBA)ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ တပ်မတော်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ အင်းစိန်ရွာမပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော်  အဂ္ဂမဟာ ပဏ္ဍိတ အဘိဓဇမဟာရဋ္ဌ ဂုရု ဘဒ္ဒန္တတိလောကဘိဝံသ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များ တက်ရောက်ကြသည်။                      


ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ အောင်မောင်း (၉)ချက်တီးကာ ဖွင့်လှစ်သည်။


ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး၏ ရာသက်ပန် နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် ထံမှ ပေးပို့သော သဝဏ်လွှာကို ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး၏ နာယက က ဖတ်ကြား သည်။             


ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)(ဗဟို) ဉက္ကဌက (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ နှင့်စပ်လျဉ်း၍ ပြောကြားသည်။ ယင်းနောက် အင်းစိန်ရွာမပရိယတ္တိစာသင် တိုက်ကြီး ၏ ဦးစီးပဓာန နာယက အဂ္ဂမဟာ ပဏ္ဍိတ အဘိဓဇမဟာရဋ္ဌ ဂုရု ဘဒ္ဒန္တတိလောက ဘိဝံသဆရာတော်၏ အမျိုးသားအောင်ပွဲနေ့ သြဝါဒကိုနာယူကာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော် ရရှိတော်မူသော အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇဘွဲ့(၁၁)ပါး၊ မဟာမင်္ဂလဓမ္မ ဇောတိကဓဇဘွဲ့(၁၃)ပါး၊ မင်္ဂလဓမ္မ ဇောတိကဓဇဘွဲ့(၃၄)ပါး၊ လူပုဂ္ဂိုလ်(၁၀၀)ဦး တို့အား မင်္ဂလာဆိုင်ရာဘွဲ့တံဆိပ် တော်များကို အသီးသီးပေးအပ်ချီးမြှင့်ဆက်ကပ်ကြသည်။


ထို့နောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)