၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဇေယျာသီရိခရိုင်ပညာရေးမှူးရုံး ပညာရေးစုံညီပွဲတော်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဇေယျာသီရိခရိုင်ပညာရေးမှူးရုံး ပညာရေးစုံညီပွဲတော်အခမ်းအနားကျင်းပ

 




MNP ၊ဇန်နဝါရီ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်ပညာရေးမှူးရုံး ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အားကစားခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းထူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဇေယျာသီရိခရိုင်ပညာရေးမှူး ဦးရဲသူရခင်စိုးက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် နေပြည်တော်တိုင်းပညာရေးမှူးရုံးမှ တိုင်းပညာရေးမှူး ဒေါက်တာကျော်လွင်နှင့် တာဝန်ရှိသူများက ဇေယျာသီရိခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော်အကများနှင့် တေးသီချင်းအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြမှုကို ကြည့်ရှုအားပေးပြီး ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် အကောင်းဆုံးမြို့နယ်ဆုများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘက်စုံလူရည်ချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဆောင်းပါး၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ခရိုင်အဆင့်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ Sakura Science High School Program သို့သွားရောက်ခွင့်ရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ ပညာတန်ဆောင်ရုပ်ပြ စာစီစာကုံးပြိုင်ပွဲ ခရိုင်အဆင့်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသများ၊  National ICT Awards-2023 ပြိုင်ပွဲ ခရိုင်အဆင့်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ယင်းနောက် ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းထူး၊ ခရိုင်ပညာရေးမှူး ဦးရဲသူရခင်စိုးနှင့် ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်တို့က သီဆိုဖျော်ဖြေသွားကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုကြေးငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)