ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်

031-01

032

033


MNP ၊ ဇန်နဝါရီ ၃၁ 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် Max Highway ကုမ္ပဏီမှ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော ရန်ကုန်-မန္တလေး လမ်းဟောင်း (ရန်ကုန်-ပဲခူးလမ်းပိုင်း) မိုင်တိုင်အမှတ် (၁၂/ဝ)နှင့် (၁၃/ဝ)ကြား U Turn ဆောင်ရွက်နေမှု၊ မိုင်တိုင်အမှတ် (၁၅/ဝ)မှ(၁၅/၄) ကြားတွင် မူလကတ္တရာ လမ်းဟောင်းပေါ်တွင် AC ကတ္တရာခင်းခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်များနှင့်အညီ အရည်အသွေး လက်ရာလက်သား ကောင်းမွန်ရေး အလေးထားဆောင်ရွက်ရန်မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)ရုံးသို့ ရောက်ရှိပြီး လမ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီရွှေနန်းတော် မြေနန်းပြာသာဒ်ဆောင်နှင့် ဘမရာသနပလ္လင်ဆောင်များ ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ အဆောက်အဦ အထူးအဖွဲ့(၃)မှ တာဝန်ခံ အင်ဂျင်နီယာက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကမ္ဘောဇသာဒီရွှေနန်းတော် ပြုပြင်ခြင်းလုပ်ငန်းခွင်အတွင်းသို့ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၇၅/၄) မှ (၇၆/၂)အတွင်း ကျန်ချောင်းတံတား အဝင်အထွက် (၂)လမ်းသွားမှ (၄)လမ်းသွား ကွန်ကရစ်လမ်းချဲ့ခြင်းလုပ်ငန်းနှင့် (၇၆)မိုင် Mini Rest Camp ရှေ့တွင် (၄)လမ်းသွားမှ (၅)လမ်းသွား ကွန်ကရစ်လမ်းချဲ့ခြင်း လုပ်ငန်းများကိုကြည့်ရှုစစ်ဆေးသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် တောင်ငူခရိုင် လမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)ရုံးသို့ ရောက်ရှိပြီး တောင်ငူခရိုင် လမ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက စက်ယာဉ်ယန္တရား ပျက်စီးဆုံးရှုံးမှုမရှိစေရေး လုံခြုံစိတ်ချပြီး အမိုးအကာရှိသည့် နေရာများတွင် စနစ်တကျထားရှိရန်လိုပါကြောင်း၊ ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာအောင် တည်ဆောက်ရန်လိုပါကြောင်း မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်နှင့် ဌာနဆိုင်ရာလုပ်ငန်းလို အပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး စီလမ်းဆုံတိုးလ်ဂိတ်၌ လမ်းအသုံးပြုခ ကောက်ခံနေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက တိုးလ်ဂိတ်များ၌ လမ်းအသုံးပြုခ ကောက်ခံရာတွင် အပြည်အဝရရှိရေး၊ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ ငွေကြေးမသမာမှုများ မရှိစေရေး ကောက်ခံရရှိငွေ များစနစ်တကျ မှတ်တမ်းရေးသွင်းရေး CCTV ၊ Computer စနစ်ဖြင့် ဆောင်ရွက်ရေးနှင့် လက်လုပ်ပြေစာများ လုံးဝအသုံးမပြုရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages