နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး





MNP ၊ဇန်နဝါရီ ၆

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပျဉ်းမနားမြို့နယ် ရွှေချီရပ်ကွက်အတွင်းရှိ (၆) လမ်းတံတား အနီးဝန်းကျင်းနှင့် ငလိုက်ချောင်းတစ်လျှောက်တွင် သန့်ရှင်းသာယာရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် လူမှုရေးအသင်းအဖွဲ့များက ချုံနွယ်များ၊ ပေါင်းမြက်များ၊ အမှိုက်များ ရှင်းလင်းခြင်းစသည့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ငလိုက်ချောင်းတစ်လျှောက်အတွင်း အမှိုက်များမပစ်စေရေး၊  အမြဲသန့်ရှင်းသာယာစေရေးကို အလေးထားဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ကန်တော်မင်္ဂလာ ရှမ်းကန်အဆင့်မြှင့်တင်ခြင်းနှင့် လူလျှောက်လမ်းတံတား တည်ဆောက်ခြင်း လုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက  ကန်တော်မင်္ဂလာရှမ်းကန် အတွင်း/အပြင်နှင့် ကန်ပတ်ဝန်းကျင် အမြဲမပြတ် သန့်ရှင်းသာယာလှပရေး၊ အများပြည်သူများ အပန်းဖြေ နားနေရာတစ်ခုအဖြစ် ရေရှည်တည်ရှိနေရန်အတွက် မြိုမိ/မြိုဖ၊ ရပ်မိ/ရပ်ဖများ၊   မြိုနေပြည်သူလူထုများက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးကြစေလိုဖြစ်ကြောင်း၊ မြို့တော်အင်္ဂါရပ်နှင့်အညီ အမြဲသန့်ရှင်းသာယာလှပစေရေးကို ဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း တာဝန်ရှိသူ များအား မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းဆောင်သစ် (၁၄၀× ၃၀) ပေ RCC နှစ်ထပ် ကျောင်းဆောင်တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ကျောင်းဆောင်သစ် တည်ဆောက်နေမှု အခြေအနေများကို ရှင်လင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လုပ်ငန်းများကို စံချိန်စံညွှန်းပြည့်မီရေး၊ ရေရှည်ခိုင်မာရေး၊ သစ်အမျိုးအစားများကို မှန်ကန်စွာ အသုံးပြုရေးတို့ကို အလေးထား ဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ဖွင့်လှစ်ထားသည့် ပျဉ်းမနားမြို့နယ် စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက် စိုက်ခင်းအား လှည့်လည်ကြည့်ရှုအားပေးပြီး သီးနှံအကန့်လိုက် စိုက်ပျိုးနည်းစနစ် (Strip Cropping) များကို သင်ကြားပေးပြီး စံပြစိုက်ခင်းဖြစ်အောင် စိုက်ပျိုးကြစေလိုကြောင်း မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ အောင်ချမ်းသာကျေးရွာအတွင်းရှိ ရွှေပြည်စိုး ဆီစက်လုပ်ငန်း လည်ပတ်နေမှုနှင့် ရွှေဥဒေါင်း ပဲကြော်ပဲလှော်လုပ်ငန်းများ ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများက လက်ရှိဆောင်ရွက် နေသည့်လုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုများနှင့် ဖြန့်ဖြူးရောင်ချနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လက်ရှိလုပ်ငန်းများကို စွမ်းအားပြည့်ထုတ်လုပ်နိုင်ရေး၊ ဒေသတွင်းစားသုံးမှု ဖူလုံသည့်အပြင် ပြည်ပသို့ တင်ပို့နိုင်သည့် တန်ဖိုးမြင့်ထုတ်ကုန်များ ဖြစ်အောင် ဆောင်ရွက်ကြစေလိုကြောင်းနှင့် လိုအပ်သည်များကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ညောင်ပင်သာကျေးရွာအတွင်းရှိ ရွှေသီးနှံ အဆင့်မြင့်ဆန်စက်သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှုများကို ကြည်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဆန်စပါးများကြိတ်ခွဲနေမှု အခြေအနေများ၊ စပါးများနှင့် ပြောင်းသီနှံများကို အခြောက်ခံစက်နှင့် အခြောက်ခံ ဆောင်ရွက်နေမှုများ၊ စပါးအပါအဝင် သီးနှံစုံရောင်းဝယ်နေမှုများနှင့် ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဒေသတွင်းထွက်ရှိသည့် ကုန်ကြမ်းများကို ပြည်ပသို့ တင်သွင်းနိုင်သည့် တန်ဖိုးမြင့်ကုန်ချောများ ထုတ်လုပ်နိုင်ရေး၊ ဘေးထွက်ပစ္စည်းများကို ခေတ်မီနည်းပညာများဖြင့် ဆန်းသစ်တီထွင်ပြီး တန်ဖိုးမြင့်ထုတ်ကုန်များ ဖြစ်အောင် ဆောင်ရွက်စေလိုကြောင်း မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် သနပ္ပင်ဆိပ်ကျေးရွာရှိ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာတွင် ပျဉ်းမနားမြို့နယ်အတွင်းရှိ တောင်သူများနှင့် တွေ့ဆုံရာတွင် စိုက်ပျိုးရေးသုတေသန(ရေဆင်း) ဆီထွက်သီးနှံဌာနစု တာဝန်ခံ ဒေါက်တာခင်မျိုးဝင်းက ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေး နည်းပညာဖြန့်ဝေခြင်းနှင့်  မျိုးရွေးချယ်နည်း၊ မြေပြုပြင်နည်း၊ စိုက်ပျိုးနည်းများနှင့် ပိုးမွှားရောဂါ ကာကွယ်ရေးနည်းလမ်းများကို လည်းကောင်း၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းထိန်က စပါးအပါအဝင် ဆီထွက်သီးနှံတိုးချဲ့ စိုက်ပျိုးရေး နည်းပညာများ ဖြန်ဝေပေးသည့် လုပ်ငန်းများဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးတင်ပြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ပြီးတစ်ဦးချင်းဝင်ငွေ တိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိကြောင်း၊  စပါးအပါအဝင် ဆီထွက်သီးနှံများ၊ ဆောင်းသီနှံများ၊ နွေသီးနှံများကို အထွက်နှုန်း ကောင်းမွန် စေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း စသည့်နည်းစနစ်များကို လစ်ဟာမှုမရှိ စနစ်တကျ လိုက်နာဆောင်ရွက် ကြရမှာဖြစ်ကြောင်း၊ အမှန်တစ်ကယ်အထွက်တိုးသည့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးစေလိုကြောင်း၊ လိုအပ်သည့်သွင်းအားစုများကို နည်းစနစ်မှန်ကန်စွာ သုံးစွဲစေလိုကြောင်း၊ မြေများကို လှပ်ထားခြင်းမပြုရေးနှင့် သီးထပ်စွမ်းအားများတိုးတက် ကောင်းမွန်အောင် စိုက်ပျိုးကြစေလိုကြောင်း၊ စိုက်ပျိုရေး ဆောင်ရွက်ရာတွင် မိရိုးဖလာ စိုက်ပျိုးခြင်းထက် ခေတ်မီနည်းစနစ်များကို အသုံးပြုပြီး စိုက်ပျိုးစေလိုကြောင်း၊  စိုက်ပျိုးနည်းကို နည်းစနစ်ကျကျ စိုက်ပျိုးမှသာ ပန်းတိုင်အထွက်များ တိုးတက်ထွက်ရှိပြီး တစ်ဦးချင်ဝင်ငွေများ တိုးလာမှာဖြစ်ကြောင်းပြောကြာပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်စကား ပြောကြားကာ တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထွန်းထွန်းဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)