ပြည်သူတွေ သိစေချင်လို့ပါ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူတွေ သိစေချင်လို့ပါ



မြန်မာနိုင်ငံအတွင်းမှာ အကြမ်းဖက်လုပ်ရပ်တွေ ဖြစ်ပေါ်နေတာ ၃နှစ်တင်းတင်း ပြည့်ပါတော့မယ်။ အမေရိကန်အစိုးရရဲ့ ကူညီပံ့ပိုးမှုနဲ့ အကြမ်းဖက်လှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ (ယခင်က NLD) ယခု NUG အကြမ်းဖက်အဖွဲ့ကို ဦးဆောင်သူများဟာ ပြည်ပနိုင်ငံများကို ထွက်ပြေးပြီး အကြမ်းဖက်လှုံ့ဆော်မှုတွေ စဉ်ဆက်မပြတ် လုပ်ခဲ့ကြတယ်။ သူတို့ကို အားပေးထောက်ခံသော လူငယ်များကို PDF အကြမ်းဖက်အဖွဲ့အတွင်း ဝင်ရောက်ဖို့ လှုံ့ဆော်ပြီး KNU, KIA လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့များထံမှာ အကြမ်းဖက်သင်တန်းများ တက်စေခဲ့တယ်။

အဲဒီကနေ ကိုယ့်ရွာ ကိုယ့်မြို့ကို ပြန်ပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်စေခဲ့ကြတယ်။ NUG ကို အားပေးထောက်ခံခြင်းမရှိတဲ့ ပြည်သူတွေကို ပစ်မှတ်ထားပြီး သတ်ဖြတ်ခဲ့ကြတယ်။ KNU, KIA ထံမှာ အကြမ်းဖက်သင်တန်းတက်ခဲ့သူများဟာ လူပုဂ္ဂိုလ်များကိုသာ သတ်ဖြတ်ခြင်းမဟုတ်ဘဲ သံဃာတော်များကိုပါ ပစ်မှတ်ထား သတ်ဖြတ်ခဲ့ကြပါတယ်။ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့နဲ့ ပူးပေါင်းပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေတဲ့ လက်နက်ကိုင်သောင်းကျန်းသူများအဖွဲ့များက သတ်ဖြတ်ခဲ့လို့ သံဃာတော် အပါး (၉၀)ကျော် အသတ်ခံခဲ့ရတယ်။ အမေရိကန် အသံထွက်သလား။ နိုင်ငံတကာက ဘယ်အဖွဲ့အစည်းများက သံဃာတော်တွေကို သတ်ဖြတ်နေတာနဲ့ ပတ်သက်လို့ ဘာတစ်ခွန်း ပြောကြပါသလဲ။ အမေရိကန်ကလည်း သံဃာတော်များအပေါ် သတ်ဖြတ်နေတဲ့ NUG အကြမ်းဖက်အဖွဲ့နဲ့ အပေါင်းအပါများရဲ့ လုပ်ရပ်ကို ဝေဖန်ပြောဆိုတာမျိုး မရှိသလို ကုလသမဂ္ဂကလည်း အသံမထွက်ပါဘူး။ ဥရောပသမဂ္ဂကလည်း ဝေဖန်ပြစ်တင်တာမျိုး မရှိခဲ့ပါဘူးနော်။

ဗုဒ္ဓဘာသာအပေါ် ပစ်မှတ်ထားစော်ကားတဲ့လုပ်ရပ်တွေကို ဗြောင်ကျကျ လုပ်ဆောင်နေတဲ့ ဖြစ်ရပ်တွေက အခု ရက်ပိုင်းအတွင်းမှာပဲ ဖြစ်ခဲ့တာတွေ ရှိပါတယ်။ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၈)ရက်နေ့မှာ လောက်ကိုင်မြို့နယ်၊ ဆင်ဦးကင်တောင်ထိပ်က ရွှေတိဂုံပုံတူ စေတီတော်ကို MNDAA အကြမ်းဖက်သောင်းကျန်းသူများက ဖြိုချခဲ့သလို ဗုဒ္ဓရုပ်ပွားတော်များကို ဖျက်ဆီးခဲ့တဲ့ လုပ်ရပ်တွေကိုလည်း ပေါ်ပေါ်ထင်ထင် လုပ်ပြခဲ့ပါတယ်။ တဆက်တည်းမှာပဲ TNLA အကြမ်းဖက်အဖွဲ့ကလည်း နမ့်ဆန်မြို့အဝင်က စေတီတော်ကို ဖြိုချဖျက်ဆီးပြီး ဌာပနာထားတဲ့ အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားခဲ့ကြပါတယ်။

အကြမ်းဖက်သောင်းကျန်းသူများက ဗုဒ္ဓဘာသာဝင်များရဲ့ ယုံကြည်ကိုးကွယ်မှုကို ပြောင်ပြောင်တင်းတင်း စော်ကားခဲ့တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ သံဃာတော်များနဲ့ ပြည်သူများက နိုင်ငံအဝှမ်းမှာ ဆန့်ကျင်ကန့်ကွက်ရှုတ်ချမှုတွေ လုပ်ခဲ့ကြပါတယ်။ ဘယ်နိုင်ငံက အသံထွက်ခဲ့တာ ရှိပါသလဲ။ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များရဲ့ လုပ်ရပ်တွေအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့တဲ့ နိုင်ငံ၊ အဖွဲ့အစည်းကိုတောင် မတွေ့ရပါဘူး။

ဒီကနေ့ အမေရိကန်အစိုးရရဲ့ လက်ကိုင်တုတ်မီဒီယာဖြစ်တဲ့ VOA သတင်းဌာနက ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်မှာ "မြန်မာနိုင်ငံတွင်း ခရစ်ယာန်ဘာသာဝင်များ ဖိနှိပ်ခံရမှု ကန်လွှတ်တော်မှာထွက်ဆို" ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ်ကို တွေ့ရပါတယ်။ စေတီပုထိုးတွေကို ဖျက်ဆီးနေလို့ သံဃာတော်များနဲ့ ပြည်သူများက ကန့်ကွက်နေတဲ့အချိန်မှာ အမေရိကန်အစိုးရရဲ့ လက်ကိုင်တုတ်မီဒီယာ RFA, VOA တို့ အပါအဝင် ပြည်ပြေး မီဒီယာတွေက အကြမ်းဖက်သောင်းကျန်းသူများရဲ့ ဘာသာရေးစော်ကားမှု လုပ်ရပ်တွေကို ဆန့်ကျင် ကန့်ကွက်တဲ့ သံဃာတော်များနဲ့ ပြည်သူများရဲ့ ဆောင်ရွက်ချက်ကိုတောင် အများပြည်သူ အထင်အမြင်လွဲမှားအောင် ဖန်တီးရေးသား ဖော်ပြခဲ့ကြတာကို တွေ့မြင်ကြလိမ့်မယ် ထင်ပါတယ်။

VOA သတင်းဖော်ပြချက်မှာ "ဒီ အစည်းအဝေးရဲ့အရေးပါမှုက မြန်မာနိုင်ငံကို ကူညီဖို့၊ ပြောင်းလဲဖို့နဲ့ ကွန်ဂရက်လွှတ်တော်မှာ တခါပြန် အာရုံစိုက်ခံရဖို့ ကြိုးပမ်းအားထုတ်မှုတွေကို နှစ်ဆတိုးလုပ်ဖို့ပဲလို့ ကျနော်ထင်ပါတယ်။ ကွန်ဂရက် အောက်လွှတ်တော်မှာ အရင်က မြန်မာ့အရေး ဥပဒေပြုမှုတွေလုပ်ခဲ့နိုင်ပြီး အကျိုးရှိတဲ့ အလုပ်တွေ လုပ်ခဲ့နိုင်ပါတယ်။ စစ်အစိုးရက အနိုင်မယူနိင်လောက်အောင် အင်အားကြီးနေတာမျိုး မဟုတ်ပါဘူး။ ဒါကို စစ်ရေး အခြေအနေတွေမှာ တွေ့နေရပါတယ်။ တော်လှန်ရေး အင်အားစုတွေမှာလည်း မြင်နေရပါတယ်။ ကျနော်တို့ အောက်လွှတ်တော်အနေနဲ့ တစုတစည်းတည်း ရှိဖို့ လိုပါတယ်။” လို့ လွှတ်တော်အမတ် ခရစ္စမစ်-က ပြောသွားကြောင်း ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။


ဇန်နဝါရီ ၂၉ ရက်၊ တနင်္လာနေ့က ကွန်ဂရက်ရဲ့ Rayburn House အဆောက်အအုံရုံးခန်းမှာ ကျင်းပခဲ့တဲ့ ဒီပွဲမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်မှာ လူနည်းစု ခရစ်ယာန်ဘာသာဝင်တွေအပေါ် ပိုပြီး ပစ်မှတ်ထား ဖိနှိပ်၊ နှိပ်စက်ညှဉ်းပန်းမှုတွေ မြင့်တက်လာနေတာနဲ့ လူသားချင်းစာနာထောက်ထားမှု အခြေအနေတွေ ဆိုးရွား ကျဆင်းနေတာတွေကို ဘာသာရေးအဖွဲ့အစည်းတွေနဲ့ လက်တွေ့ကွင်းဆင်း သုတေသန ပြုလေ့လာထားသူတွေက လွှတ်တော်ကို တင်ပြကြခြင်းဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် Frederick Davie ကလည်း မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့် တိုးတက်လာစေဖို့နဲ့ ဖယ်ဒရယ် ဒီမိုကရက်တစ် တိုင်းပြည်ထူထောင်နိုင်ဖို့ အတည်ပြုထားတဲ့ မြန်မာအရေး ဖြေရှင်းအကူအညီပေးရေး ဘားမားအက်ဥပဒေကို အပြည့်အဝအကောင်အထည်ဖော်ဖို့ လွှတ်တော်နဲ့ သမ္မတဂျိုးဘိုင်ဒန်ရဲ့ အစိုးရအဖွဲ့ကိုတိုက်တွန်းထားကြောင်း၊ မြန်မာနိုင်ငံဟာ ၂၀၂၄ ခုနှစ် မှာ ခရစ်ယာန်ဘာသာဝင်တွေ ကိုယ်ယုံကြည်ရာ ကိုးကွယ်ဝတ်ပြုဖို့အတွက် အခက်ခဲဆုံးဖြစ်လာနေတဲ့ ကမ္ဘာ့နိုင်ငံ (၅၀) စာရင်းမှာရှိနေတဲ့အခြေအနေကို တနင်္လာနေ့က တင်သွင်းထုတ်ပြန်တဲ့ အစီရင်ခံစာ ဖော်ပြထားကြောင်း၊ နိုင်ငံတကာ ဥပဒေပညာရှင်များ ကော်မရှင် (ICJ) ရဲ့ ၂၀၂၃ ခုနှစ် ထုတ် မှတ်တမ်းကို ကိုးကားပြီး ခရစ်ယာန် ဘာသာရေး ဆိုင်ရာအဆောက်အအုံ ၈၇ ခုနဲ့ ဗုဒ္ဓဘာသာဆိုင်ရာ သာသနိက အဆောက်အအုံ ၉၄ ခု ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံက ဘာသာရေး လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရးအတွက် လှုပ်ရှားနေတဲ့ Chin Association of Maryland (CAM) အဖွဲ့ရဲ့ တွက်ချက်မှုအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာအတွင်း ဘာသာရေး အဆောက်အအုံပေါင်း ၂၂၀ ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားကြောင်း ရေးသား ဖော်ပြထားတာကို တွေ့ရပါတယ်။

VOA သတင်းဌာနရဲ့ ရေးသားဖော်ပြချက်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာကနေ နှစ်ကုန်အထိမှာ ချင်းပြည်နယ်၊ ကရင်နီ ခေါ် ကယားပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ဒေသကြီးတို့မှာ နောက်ထပ် ခရစ်ယာန် ဘုရားကျောင်း ၂၃ ကျောင်း စစ်ကောင်စီ လက်ချက်ကြောင့် ပျက်စီးခဲ့တယ်လို့ ဖော်ပြထားကြောင်း၊ ဒီအောက်လွှတ်တော်ရုံးခန်းမှာကျင်းပတဲ့ အစီရင်ခံစာ တင်ပြတဲ့ပွဲကို NUG, CRPH အကြမ်းဖက်အဖွဲ့က အောင်ကြည်ညွန့် တက်ရောက်ခဲ့တယ်လို့ ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။

အောင်ကြည်ညွန့်တို့ အမေရိကန် ရောက်သွားကြပြီ။ အမေရိကန်အစိုးရရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံအတွင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် ချိတ်ဆက်လုပ်ဆောင်နေကြတယ်ဆိုတာကိုလည်း သိမြင်နားလည်နိုင်ပါတယ်။

အမေရိကန်အစိုးရရဲ့ ဆိုးသွမ်းယုတ်မာ ကောက်ကျစ်လွန်းတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်တွေကို သိစေချင်လို့ပါ။ မြန်မာပြည်အတွင်းမှာ အမေရိကန်အစိုးရရဲ့ သြဇာခံ အကြမ်းဖက်အဖွဲ့များစွာ ရှိနေတယ်။ ဘာသာရေး စော်ကားမှုတွေကိုလည်း ဒီအဖွဲ့တွေကပဲ လုပ်ဆောင်နေတယ်။ ဒီလုပ်ရပ်တွေကို မျက်ကွယ်ပြုထားတယ်။ ဖုံးကွယ်ထားတယ်။ အစိုးရကိုပဲ ပစ်တင်ပုံချပြီး ပြောဆိုနေတယ်။ 

သူတို့ယုံကြည်ကိုးကွယ်တဲ့ ဘာသာအပေါ် ထိခိုက်လာတဲ့ ကိစ္စဆိုရင် အသံထွက်လာတယ်။ မြန်မာနိုင်ငံသားအများစုရဲ့ ကိုးကွယ်ရာကို စော်ကားနေတဲ့ လုပ်ရပ်တွေကိုတော့ မမြင်ချင်ယောင် ဆောင်ထားပေးတယ်။ ဒီအခြေအနေကို သုံးသပ်ကြည့်လိုက်ရင် ကျွန်တော်တို့ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဘယ်မှာ အားကိုးရာ ရှိသလဲ။ ကုလသမဂ္ဂလိုအဖွဲ့အစည်းမှာပင် ဓနအင်အားတောင်းတင်းတဲ့ နိုင်ငံတွေ အလိုကျ လုပ်ဆောင်နေကြတယ်။ အိမ်နီးချင်း နိုင်ငံများထဲမှာပင် ကိုယ်ကျိုးစီးပွားကိုသာ အလေးထားပြီး မြန်မာနိုင်ငံအတွင်းမှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်လိုတဲ့ ရည်ရွယ်ချက်နဲ့ အကြမ်းဖက်သောင်းကျန်းသူများကို သွေးထိုးမြှောက်ပင်းပေးနေတဲ့ နိုင်ငံတချို့လည်း ရှိနေတယ်ဆိုတာ အထူးပြောဖို့ မလိုပါဘူး။ မြန်မာနိုင်ငံအပေါ်မှာ ယုတ်မာကောက်ကျစ်နေကြတဲ့သူတွေကိုလည်း အလွန်အကျူး အပြစ်ဆိုဖွယ်တော့ မရှိပါဘူး။ သူ့နိုင်ငံ အကျိုးစီးပွားအတွက် နင်းလို့ရရင် နင်းကြမှာပဲ။

မြန်မာနိုင်ငံအတွင်းမှာ ငွေပေးပြီးခိုင်းရင် တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်လုပ်မယ့် လူ့ငနွား အကြမ်းဖက် သောင်းကျန်းသူများစွာ ရှိနေတယ်။ အဲဒီ လူ့ငနွားတွေကို တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ဖို့ ငွေကြေးနဲ့ မက်လုံးပေးပြီး မြှူဆွယ်တယ်။ ကျုပ်တို့ နိုင်ငံအတွင်းမှာရှိနေတဲ့ လူမျိုးရေးအကြောင်းပြ လက်နက်ကိုင် အကြမ်းဖက်နေတဲ့ အဖွဲ့အစည်းတွေဟာ ငွေမြင်ရင် တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ရပ်တွေကို ဆင်ကန်းတောတိုး လုပ်ဖို့ ဝန်မလေးဘူး။ ပြည်သူလူထု အတိဒုက္ခရောက်မှာကိုလည်း ထည့်မတွက်ဘူး။ ပြည်သူတွေရဲ့ ယုံကြည်ကိုးကွယ်မှုကို စော်ကားဖို့လည်း ဝန်မလေးဘူး။

ဒီသာဓကတွေကို ထောက်ရှုခြင်းအားဖြင့် ကျွန်တော်တို့ ပြည်သူများဟာ မြတ်ဗုဒ္ဓ ဟောကြားတော်မူသည့်အတိုင်း မိမိကိုယ်သာ အားကိုးရာ၊ မိမိတို့၏ အသိ၊ သတိနဲ့သာ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေရဲ့ အန္တရာယ်ကို ညီညီညွတ်ညွတ်နဲ့ ကာကွယ်ကြရမှာ ဖြစ်ကြောင်း သိစေချင်လို့ပါ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)