လက်နက်ကိုင် သောင်းကျန်းသူများက မြို့/ရွာများအား တိုက်ခိုက်သိမ်းယူနေသည့်အပေါ် သဘောထား ထုတ်ပြန်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်နက်ကိုင် သောင်းကျန်းသူများက မြို့/ရွာများအား တိုက်ခိုက်သိမ်းယူနေသည့်အပေါ် သဘောထား ထုတ်ပြန်ချက်


 

လက်နက်ကိုင် သောင်းကျန်းသူများက မြို့/ရွာများအား တိုက်ခိုက်သိမ်းယူနေသည့်အပေါ်  သဘောထား ထုတ်ပြန်ချက်


ရက်စွဲ ။ ။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်


မြန်မာနိုင်ငံတွင် ၂၀၂၁ခုနှစ် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာအရပ်ရပ်ကို လွှဲပြောင်း တာဝန် ယူသည့် အချိန်မှစတင်၍ မဲလိမ်မဲခိုးမှုများကြောင့် အာဏာလက်မဲ့ဖြစ်ခဲ့ရသည့် NLD ပါတီ ဦးဆောင်သူများက အကြမ်းဖက်အဖွဲ့အစည်းပေါင်းများစွာ ဖွဲ့စည်း၍ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ် ဆောင်လာခဲ့ကြသည်။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ ရှမ်းပြည်(မြောက်ပိုင်း)တွင် MNDAA, TNLA, AA လက်နက်ကိုင် သောင်း ကျန်းသူများက အများပြည်သူ အတိဒုက္ခရောက်စေမည့် တိုက်ခိုက်မှုများကို လုပ်ဆောင်လာခဲ့ကြသည်။

ရှမ်းပြည်(မြောက်ပိုင်း)တွင် လက်နက်ကိုင်သောင်းကျန်းသူများက လမ်းတံတားများကို ပစ်မှတ်ထား ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်ရန်အတွက်ကိုပင် အခက်အခဲများ ရှိနေပါသည်။ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် အလုံးစုံပျက်သုဉ်းရေးကို ဦးတည်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင် လျက်ရှိသည့် NUG နှင့် အပေါင်းအပါများ၊ ရှမ်းပြည် (မြောက်ပိုင်း)မှ လက်နက်ကိုင် သောင်းကျန်းသူများ၏ လုပ်ရပ် များသည် တိုင်းရင်းသား ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ပစ်မှတ်ထား၍ ၎င်းတို့အား ကူညီပံ့ပိုးပေး နေ သော ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၏ အလိုကျ လုပ်ဆောင်နေခြင်း ဖြစ်သည့်အပေါ် (ပြည်သူတို့၏ အသက်ကို ရောင်း၍ ဒေါ်လာတောင်းစားနေသော) ကိုယ်ကျိုးရှာ ပြည်ဖျက်မိစ္ဆာများ၏ လုပ်ရပ်အဖြစ် ပြတ်သားစွာ ကန့်ကွက် ရှုတ်ချသည်။

အကြမ်းဖက်အဖွဲ့များ၏ လူမဆန်သော လုပ်ရပ်များကြောင့် ရဟန်းရှင်လူပြည်သူပေါင်းများစွာ၊ တပ်မတော် သားများ နှင့် တပ်မတော်သားမိသားစုဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်မိသားစုများ၊ အစိုးရဝန်ထမ်း၊ ဆရာ/ဆရာမ များအပါအဝင် စတေးခဲ့ရသည့် အသက်ခန္ဓာပေါင်းများစွာ အတွက် ကြေကွဲဝမ်းနည်းရ ပါသည်။ အကြမ်းဖက်လှုပ် ရှားမှု ချုပ်ငြိမ်းပါမှ ပြည်သူတို့၏ လူမှုစီးပွားဘဝကို တည်ငြိမ်အေးချမ်းစွာ တည်ဆောက်နိုင်မည် ဖြစ်ပါသည်။ နိုင်ငံ တော်အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အညီ တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူများက ပြည်သူ့စစ် တပ်ဖွဲ့ဝင်များအဖြစ် တပ်မတော်သားများနှင့် လက်တွဲ ဆောင်ရွက် လျက်ရှိသည်ကိုလည်း တွေ့မြင်နိုင်ပါသည်။

ရှမ်းပြည် (မြောက်ပိုင်း)တွင် လက်နက်ကိုင်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များသည် အဆိုးဆုံးအခြေ အနေ အထိ ရောက်ရှိလာသည့်အပေါ် တပ်မတော်နှင့်အတူ တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူတစ်ရပ် လုံး ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်နိုင်မည့် အခြေအနေတစ်ရပ်ကို ဖော်ဆောင်ပေးနိုင်ပါရန်နှင့် အကြမ်းဖက် လှုပ်ရှားမှု ချုပ်ငြိမ်း ပပျောက်ရေး လက်တွဲဆောင်ရွက်နေသည့် ပြည်သူများအတွက် လိုအပ်သည်များကို စနစ်တကျ အချိန်နဲ့တပြေးညီ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ပါရန် တာဝန်ရှိသူများအား အလေးအနက် တိုက်တွန်းတောင်းဆို ပါသည်။


မြန်မာ့အမျိုးသားရေးကွန်ရက်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)