(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စည်သာကျေးရွာ ဂျင်းမြေအမာခံလမ်းဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စည်သာကျေးရွာ ဂျင်းမြေအမာခံလမ်းဖွင့်ပွဲအခမ်းအနားကျင်းပ


MNP ၊ ဇန်နဝါရီ  ၂၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ဦးခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ စည်သာကျေးရွာအဝင်းလမ်း ဂျင်းမြေအမာခံလမ်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစောထွန်းဝင်း၊ ညောင်ဦးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးအေးလွင်၊ ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်ဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်တို့မှဂျင်းမြေအမာခံလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ကြကာ တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့်တာဝန်ရှိသူများ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။ ဆက်လက်၍ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များက ဂျင်းမြေအမာခံလမ်းအား ကြည့်ရှုစစ်ဆေးကြရာတာဝန်ရှိသူများက လိုက်လံရှင်းပြသည်။ စည်သာကျေးရွာအဝင်လမ်း ဂျင်းမြေအမာခံလမ်းသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု(ပြင်/ထိမ်း)ရန်ပုံငွေ၊(၀/၇)မိုင်ကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ပုံငွေ(၁၉.၅၀)သန်းဖြင့် လမ်းအကျယ်(၁၈)ပေ၊ ယာဉ်/ကုန်ခံနိုင်ဝန်(၁၀)တန်ယာဉ်တို့ ဖြတ်သန်းသွားလာနိုင်ပြီး ကျေးလက်နေပြည်သူများ ကုန်စည်စီးဆင်းမှုကောင်းမွန်စေကာ၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးအတွက် ကျေးလက်နေပြည်သူများလမ်းပန်းဆက်သွယ်ရေး အထောက်အကူပြုစေမည့်လမ်းဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)