ဂွမြို့နယ်မှ ပြည်သူများ သံတွဲခရိုင် ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ဆေးကုသမှုခံယူနိုင်ရန် ကြိုတင်စာရင်းပေးသွင်းနိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်မှ ပြည်သူများ သံတွဲခရိုင် ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ဆေးကုသမှုခံယူနိုင်ရန် ကြိုတင်စာရင်းပေးသွင်းနိုင်

MNP ၊  ဇန်နဝါရီလ   ၈ 

ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့်သံတွဲခရိုင် ပြည်သူ့ဆေးရုံကြီးတွင် (၁၃.၁. ၂၀၂၄)နှင့် (၁၄.၁. ၂၀၂၄) ရက်နေ့များ၌ အထွေထွေရောဂါကု ၊ ပါမောက္ခ အထူးကုဆရာဝန်ကြီးများ အခမဲ့ဆေးကုသမှုပေးသွားမည်ဖြစ်ရာ ဂွမြို့နယ်မှ ပြည်သူများ ဆေးကုသမှုခံယူလိုပါက   ၈ - ၁ -၂၀၂၄ ရက် (တနင်္လာနေ့ ) နံနက်(၉)နာရီ မှ စ၍ သံတွဲခရိုင်ပြည်သူ့ဆေးရုံကြီး Reception Counter (ဧည့်ကြိုဌာန)တွင် လည်ကောင်း၊  ဂွမြိုမှပြည်သူများ လာရောက်ပြသလိုပါက သက်ဆိုင်ရာ မြို့နယ်ဆေးရုံများနှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံတွင်ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။ 

ရောဂါကုသပေးသွားမည့် အထူးကုဆရာဝန်ကြီးများမှာ အထွေထွေရောဂါကုသမားတော်ကြီးပါမောက္ခ ၊နား၊ နှာခေါင်း၊ လည်ချောင်း၊အသည်းရောဂါ၊နှလုံးရောဂါ၊ ဦးနှောက်နှင့် အာရုံကြော၊ဦးနှောက်နှင့် အာရုံကြော(ခွဲစိတ်)၊အစာအိမ်နှင့် အူလမ်းကြောင်း၊ရင်ခေါင်း၊ ဆီးချိုနှင့် ဟော်မုန်းရောဂါ၊ကလေး ဦးနှောက်နှင့် အာရုံကြော၊အရိုး၊ အကြော၊ အဆစ်၊မျက်စိ စသည့် ပါမောက္ခ အထူးကုဆရာဝန်ကြီးများက အခမဲ့ဆေးကုသမှုပေးသွားမည် ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)