ပေါင်မြို့နယ်၌စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပေါင်မြို့နယ်၌စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေး

%E1%81%81%E1%81%83

%E1%81%81%E1%81%84

%E1%81%81%E1%81%85

MNP ၊  ဇန်နဝါရီ    ၁၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန နှင့် ပညာရေးဌာနတို့ ပူးပေါင်း၍အခြေခံပညာ ကျောင်းများ၌ ကျောင်းသား၊ကျောင်းသူ များ စာဖတ်ရှိန်မြှင့်တင်ရေးကို ဆောင်ရွက် လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက ပေါင်မြို့နယ် အမက ထန်းပင်ချောင်ကျောင်း၌ နယ်လှည့် စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေး လုပ်ငန်းများကို ဆောင် ရွက်ခဲ့သည်။

နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ရာတွင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မှ ဒုတိယဦးစီးမှူးဒေါ်ခင်မာလာအောင်  က ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတတိုးပွား ရေးနှင့် ပြင်ပစာပေဖတ်သည့် အလေ့အကျင့်ရရှိရေး၊ လူငယ်များမူးယစ်ဆေးဝါး အန္တရာယ်သိရှိပြီး ရှောင်ကြဉ်နိုင်ရန်၊လူကုန်ကူးမှုအန္တရာယ်မှ သတိပြုကာကွယ်ကြရန်၊ ကလေးအလုပ်သမားပပျောက်ရေး ကိုဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် နယ်လှည့်စာကြည့်တိုက် လာရောက်ဆောင် ရွက်ရခြင်းဖြစ်ကြောင်း ကျောင်းသား ၊ကျောင်းသူများအား အသိပညာ ပေးဟော ပြောခဲ့သည်။

ထို့ပြင် ပေါင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒေါ်ခင်မျိုးအေး ကဆီးမှန်၊ဝမ်းမှန်၊လေမှန်၊သွေးမှန် စသည့်မှန်လေးမှန်အကြောင်းဆွေးနွေးခဲ့သည်။အဆိုပါအသိပညာပေး လုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မှ ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့ လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင် များ၊ စာစောင်များစသည့် ကလေးများအသိ ပညာတိုးပွား ရေး စာအုပ်စာပေများနှင့် စာ ဖတ်ရှိန်မြှင့်တင်ရေး၊မူးယစ်ဆေးဝါး အန္တရာယ် သတိပြုကာကွယ်ရေး ကလေးအလုပ်သမားပပျောက်ရေး စသည့်အသိပညာပေး နံရံကပ် စာစောင်များကို ခင်းကျင်း ပြသခဲ့ရာ ကျောင်းသား၊ကျောင်းသူများ က စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages