ပေါင်မြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲပြုလုပ် - MyanmarNationalPost

.com/img/a/

News Agency

demo-image

ပေါင်မြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲပြုလုပ်



%E1%81%85%E1%81%88

%E1%81%85%E1%81%89

%E1%81%86%E1%81%80

MNP  ၊    ဇန်နဝါရီ      ၃

မွန်ပြည်နယ်၊‌ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းတို့ကို ယနေ့ နံနက်ပိုင်းက  အလှပ်ကျေးရွာရှိ (အထက)အလှပ် ကျောင်း ၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ခေတ်အဆက်ဆက် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကြောင်းများ၊ လွတ်လပ်ရေးတိုက်ပွဲဝင် သူရဲကောင်းများ၊ ရရှိပြီးသည့်လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်မြင့်မားရေးတို့ကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များ၊ ဓာတ်ပုံများကို တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြသည်။ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလည်း(၇၆)နှစ်မြောက် လက်ကမ်းစာစောင်များပေးဝေခဲ့ကြောင်းသိရသည်။


ပေါင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages