(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထက ( ရွှေတောင် )၊ အထက (ကြာနီကန်) ကျောင်းတို့တွင် မူလတန်း၊ အလယ်တန်း ကျောင်းသား၊ကျောင်းသူများအား အားကစားပြိုင်ပွဲများပြုလုပ်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထက ( ရွှေတောင် )၊ အထက (ကြာနီကန်) ကျောင်းတို့တွင် မူလတန်း၊ အလယ်တန်း ကျောင်းသား၊ကျောင်းသူများအား အားကစားပြိုင်ပွဲများပြုလုပ်ကျင်းပ






MNP ၊ ဇန်နဝါရီ ၄

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင် ၂၀၂၄-ခုနှစ်၊ ( ၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၊ အထက  (ရွှေတောင် )၊ အထက (ကြာနီကန်)  ကျောင်းတို့တွင် 

မူလတန်း၊ အလယ်တန်း ကျောင်းသား၊ကျောင်းသူများ ယနေ့နံနက်ပိုင်းက အားကစားပြိုင်ပွဲ များပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။

    အဆိုပါ ကျောင်းများရှိ ကျောင်းသား၊ကျောင်းသူများ အားကစားပြိုင်ပွဲကျင်းပရာသို့ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးကျော်ဦးနှင့် ကျောင်းအုပ်ဆရာမကြီးများ၊ ဆရာ / ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ ၊ကျောင်းသား၊ကျောင်းသူ မိဘများတက်ရောက်အားပေးခဲ့ပြီး ပြိုင်ပွဲတွင် မီတာ( ၁၀၀) အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ပူဖောင်းဖောက်ပြိုင်ပွဲ၊ဗန်းရွက်ပြိုင်ပွဲ၊ အိတ်စွပ်ခုန်ပြေးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲနှင့် အပ်ကြိုးထိုးပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲတွင်  ဆုရရှိသည့်  ကျောင်းသား၊ကျောင်းသူများကို ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်မှ ဆုများ အသီးသီး ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)