ကျောင်းသား/ကျောင်းသူများ သမိုင်းဝင် စစ်ရေယာဉ် (မေယု) သို့ လာရောက်လေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းသား/ကျောင်းသူများ သမိုင်းဝင် စစ်ရေယာဉ် (မေယု) သို့ လာရောက်လေ့လာ





MNP ၊ ဇန်နဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများသည် ယနေ့ နံနက်ပိုင်းတွင် သန်လျင်တပ်နယ်၊ ရေတပ်လေ့ကျင့်ရေးဌာနချုပ်ရှိ သမိုင်းဝင် စစ်ရေယာဉ်(မေယု) သို့ လာရောက်ကြည့်ရှု လေ့လာကြရာ အဆိုပါကျောင်းသား/ ကျောင်းသူ လူငယ် မောင်မယ်များအား ရေတပ်လေ့ကျင့်ရေးဌာနချုပ် ဒုတိယဌာနချုပ်မှူးနှင့် တာဝန် ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။


ဦးစွာ ရေတပ်လေ့ကျင့်ရေးဌာနချုပ်မှ တာဝန်ရှိသူများက သမိုင်းဝင် စစ်ရေယာဉ်(မေယု)၏ ရေယာဉ်ဆိုင်ရာအချက်အလက်များနှင့် စစ်ရေယာဉ်၏ သမိုင်းမှတ်တမ်းများအား လှည့်လည် ရှင်းလင်းပြသကြသည်။ ထို့နောက် တပ်မတော်(ရေ)မှ တာဝန်ရှိသူများနှင့် ကျောင်းသား/ ကျောင်းသူ များသည် သမိုင်းဝင် စစ်ရေယာဉ်(မေယု)ရှေ့၌ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် ရေတပ်လေ့ကျင့်ရေးဌာနချုပ်၊ ဌာနချုပ်မှူးက ကျောင်းအုပ် ဆရာမကြီးထံ အမှတ်တရဓာတ်ပုံနှင့် လက်ဆောင်ပစ္စည်းများအား ပေးအပ် သည်။ ၎င်းနောက် ရေတပ်လေ့ကျင့်ရေးဌာနချုပ်ရှိ သီရိမဟာ ဇေယျကျော်ထင် ခန်းမ၌ တပ်မတော်(ရေ) သမိုင်းမှတ်တမ်းရုပ်ရှင်အား ပြသရာ ကျောင်းသား/ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)