ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဌာနတွင်းရုံးလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဌာနတွင်းရုံးလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်



MNP ၊ ဇန်နဝါရီ ၃၁

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ ရုံးလုပ်ငန်း တာဝန်များကို စနစ်တကျထမ်းဆောင်နိုင်စေရန်နှင့် ရုံးလုပ်ငန်းစွမ်းဆောင်ရည်များ တိုးမြင့်လာစေရန် ရည်ရွယ်၍ ဌာနတွင်း ရုံးလုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းကို ယမန်နေ့က နေပြည်တော်ရှိ ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။ 

အခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ နေပြည်တော်နှင့် တိုင်းဒေသကြီးပြည်နယ် ရုံးခွဲများမှ သင်တန်းသား/ သင်တန်းသူများက Hybrid စနစ်ဖြင့် တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျရှိခြင်းနှင့် စည်းစနစ်ကျနစွာ လုပ်ကိုင်ဆောင်ရွက်ခြင်းသည် လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရေး အတွက် အဓိကကျသော အခန်းကဏ္ဍဖြစ်သောကြောင့် ကြိုးစားလုပ်ဆောင်ကြရန်လိုအပ်ပါကြောင်း၊ နေ့စဉ်လုပ်ငန်းဆောင်တာများကို စနစ်တကျပြီးမြောက်အောင် အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက် နိုင်ရေးအတွက် စီမံနိုင်ရေးမှာလည်း အရေးကြီးပါကြောင်း၊ ယခုသင်တန်းကို တက်ရောက်ကြမည့် အငယ်တန်းစာရေး ဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာန၏ သမိုင်းကြောင်း၊ လုပ်ငန်းစဉ်၊ မူဝါဒ၊ စံချိန်စံနှုန်းများကို သိရှိအောင် ကြိုးစားသင်ယူလေ့လာကြရန်နှင့် ခေတ်နှင့်လျော်ညီသော စွမ်းဆောင်ရည်များပြည့်ဝအောင် ကြိုးစားပြီး ဝန်ထမ်းကောင်းတစ်ဦးဖြစ်အောင် အကောင်းဆုံး လေ့လာသင်ယူကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ဝန်ကြီးဌာနမှ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍအတွင်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမ၊ ဟောပြောပွဲ၊ စာတမ်းဖတ်ပွဲနှင့် အတွေ့အကြုံနှီးနှော ဖလှယ်ပွဲများ၊ ဘာသာစကားသင်တန်းများနှင့် မွမ်းမံ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှု၊ ပြည်တွင်း/ ပြည်ပသင်တန်းများသို့ စေလွှတ်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် ဌာနတွင်းရုံးလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင် ရေးသင်တန်း ဖွင့်လှစ်သင်ကြားပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)