ပေါင်မြို့နယ်၌ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့်ဘက်စုံပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်း အနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့်ဘက်စုံပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်း အနားကျင်းပ







MNP ၊   ဇန်နဝါရီ    ၂၅

 မွန်ပြည်နယ်၊‌ပေါင်မြို့နယ်၌ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာ

ရေးစုံညီပွဲတော် နှင့် ဘက်စုံပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉း၃၀) နာရီတွင် ပေါင်မြို့နယ်အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ကျင်းပခဲ့သည်။

    ရှေးဦးစွာ ( အထက) ပေါင်အထက် တန်းကျောင်းမှကျောင်းသား၊ကျောင်းသူများက ကြိုဆိုပါသည်စုံညီပွဲတော် သီချင်းအား သီဆို ဖျော်ဖြေ၍အခမ်းအနားကိုဖွင့်လှစ်ပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင် ကအဖွင့် အမှာစကားပြောကြားပြီးမြို့နယ်ပညာရေးမှူးဒေါ်စန်းစန်းအေးက မြို့နယ်အဆင့်ပညာရေး စုံညီပွဲတော်နှင့်ဘက်စုံပညာရည်ချွန် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရခြင်းရည်ရွယ်အားရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူများ၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် ဘက်စုံ စွမ်းရည်ပြိုင်ပွဲများတွင်ထူးချွန်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်း‌အောင်၊မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေး နှင့်တာဝန်ရှိသူများကဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ ကြောင်းသိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)