သူပုန်တွေ လူပါးဝခွင့်ရဖို့ နီပိန်းတွေ နွားဖြစ်ခဲ့ရပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သူပုန်တွေ လူပါးဝခွင့်ရဖို့ နီပိန်းတွေ နွားဖြစ်ခဲ့ရပြီ




မြောက်ပိုင်းမဟာမိတ်အမည်ခံ သူပုန်အဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေအပေါ် ကျွန်တော်တို့ ပြည်သူများ အလွယ်တကူ သိမြင်နားလည်ဖို့ မလွယ်ပါဘူး။ ပိုပြီး ဝမ်းနည်းဖို့ကောင်းတာကတော့ မြောက်ပိုင်းဟာ မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာအောက်မှာ မရှိတော့သည့်အလား မြောက်ပိုင်း မဟာမိတ်အဖွဲ့များက သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို တရုတ်စာတွေနဲ့ ရေးသားထုတ်ပြန်ပြီး လုပ်ဆောင်နေကြတာကို တွေ့မြင်နေကြရပါတယ်။ 

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေထဲက MNDAA အကြမ်းဖက်သူပုန်အဖွဲ့က စေတီတော်ကို ဖြိုဖျက်၊ ဗုဒ္ဓရုပ်ပွားတော်တွေကို ဖျက်ဆီးတဲ့ အခြေအနေမျိုးတွေ အထင်အရှား မြင်တွေ့လာရတော့မှသာ အောက်တန်းစား သူပုန်တွေရဲ့ သရုပ်မှန်ကို ရဟန်းရှင်လူ ပြည်သူလူထုက မခံမရပ်နိုင်တဲ့ အဖြစ်မျိုးတွေ ဖြစ်လာခဲ့ရပါတယ်။ ပြည်သူတစ်ရပ်လုံးက မြောက်ပိုင်းအခြေအနေနဲ့ ပတ်သက်လို့ အစဉ်သဖြင့် နားစွင့်နေကြပါတယ်။ နိုင်ငံတော်အလံ ဖြုတ်ချပြီး အကြမ်းဖက် သူပုန်အဖွဲ့အလံတင်ပြီးနောက် ဘာသာရေးစော်ကားမှုတွေ၊ လူမျိုးရေးပြဿနာဖန်တီးတာတွေကို တွေ့မြင်လာရတယ်။ 

ဒီလိုဖြစ်ပေါ်လာရခြင်းအကြောင်းက တပ်မတော်က တပ်စခန်းတွေ စွန့်ခွါပေးခဲ့ရာကနေ အကြမ်းဖက်သူပုန်အဖွဲ့တွေက ပြည်ပအားကိုးနဲ့ ပိုမိုမိုက်လုံးထွားလာခဲ့ကြတာ ဖြစ်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ တရုတ်စာနဲ့ ရေးသားထုတ်ပြန်ထားတာကို မြန်မာပြန်ဆိုပြီး ဖော်ပြထားသူ တစ်ဦးရဲ့ ဖော်ပြချက်မှာ အကြမ်းဖက်သမား ဖုန်တာရွှင် ဦးဆောင်တဲ့ MNDAA အကြမ်းဖက်အဖွဲ့နဲ့အတူ ပူးပေါင်းဆောင်ရွက်နေတဲ့ သူပုန်အဖွဲ့တွေရဲ့ ဆောင်ရွက်နေမှုအခြေအနေကို အခုလို ဖော်ပြထားတာကို တွေ့ရပါတယ်။

"ကိုးကန့်အထူးဒေသ"၁"မြောက်ပိုင်း လောက်ကိုင်မြို့တော်၌ 16.1.2024 တရုတ်စံတော်ချိန် ၃ နာရီ တွင်

မြန်မာတိုင်းရင်းသားစုပေါင်းတပ်မတော် အဖြစ် ကိုးကန်အထူးဒေသ"၁"ဥက္ကဋ္ဌ ဖုန်တာရွင် မှ တိုင်းရင်းသားစုပေါင်းတပ်မတော်၏ ဥက္ကဋ္ဌတာဝန်ယူပြီး "ဝ"အထူးဒေသ "၂"၏ဥက္ကဋ္ဌ ဖြစ်သူ ဦးပေါက်ယူချန်းသည် တိုင်းရင်းသားတပ်ပေါင်းစု၏ ဒုဥက္ကဋ္ဌ တာဝန်၊ ကချင် လွတ်မြောက်ရေးတပ်မတော်သည် ဒုဥက္ကဋ္ဌ တာဝန် 

ပိုမိုကောင်းမွန်တဲ့ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားတပ်ပေါင်းစုကြီးကိုတည်ထောင်ရန်နဲ့ အဆင့်မြင့်တင်ရန်အတွက်-

1/ ကချင်လွတ်မြောက်ရေးတပ်မတော်သည် တိုင်းရင်းသားတပ်ပေါင်းစု ကွင်းဆင်းတိုက်စစ် စစ်ဆင်ရေးတပ်ဖွဲ့ အမှတ်No.1

2/ ကိုးကန့် MNDAA မြန်မာဒီမိုကရက်တစ်အဖွဲ့သည် တိုင်းရင်းသားတပ်ပေါင်းစု ကွင်းဆင်းတိုက်စစ် စစ်ဆင်ရေးတပ်ဖွဲ့အမှတ်No.2

3/ UWSA "ဝ"သွေးစည်းညီညွတ်ရေးတပ်မတော်သည် တိုင်းရင်းသားတပ်ပေါင်းစု ကွင်းဆင်းတိုက်စစ် စစ်ဆင်ရေး တပ်ဖွဲ့အမှတ်No.3

4/ မိုင်းလား MNDAA တပ်ဖွဲ့သည်တိုင်းရင်းသား တပ်ပေါင်းစုတပ်မတော် ကွင်းဆင်းတိုက်စစ် စစ်ဆင်ရေး တပ်ဖွဲ့အမှတ်No.4

5/ SSPP/SSA သည် တိုင်းရင်းသားတပ်ပေါင်းစု တပ်မတော်ကွင်းဆင်းတိုက်စစ် စစ်ဆင်ရေးတပ်ဖွဲ့ အမှတ်-No.5

6/ ရှမ်းတောင်/မော်ထိုက် သည် တိုင်းရင်းသားတပ်ပေါင်းစုတပ်မတော် ကွင်းဆင်းတိုက်စစ် စစ်ဆင်ရေးတပ်ဖွဲ့ အမှတ် No.6

7/ TNLA သည် တိုင်းရင်းသားတပ်ပေါင်းစုတပ်မတော် ကွင်းဆင်းတိုက်စစ် စစ်ဆင်ရေးတပ်ဖွဲ့ အမှတ်No.7

8/ AA သည် တိုင်းရင်းသားတပ်ပေါင်းစုတပ်မတော် ကွင်းဆင်းတိုက်စစ် စစ်ဆင်ရေးတပ်ဖွဲ့ အမှတ် No.8 အဖြစ် ပြောင်းလဲ သတ်မှတ်ထားပြီး စုစုပေါင်း ကွင်းဆင်းတိုက်ပွဲစစ်ဆင်ရေး တိုင်းရင်းသားတပ်ပေါင်းစုကို ဤ"၈"ခုနှင့် မဟာမိတ်အဖြစ် ဖွဲ့စည်းလိုက်ကြောင်း၊ ဤ ၈ ဖွဲ့တွင်း၌ အဖွဲ့အစည်း တစ်ခုခြင်းဆီရဲ့ စစ်ဆင်ရေးတိုင်းမှာ ဖွဲ့စည်းပုံအခြေခံအရ တပ်စိပ် ၈ စိပ်နှင့်ဖွဲ့စည်းထားပြီး မြန်မာပြည်သူ့ ညီညွတ်ရေး တပ်မတော်အဖြစ် ပေါင်းစည်းခဲ့သည့် ဥက္ကဋ္ဌ ဖုန်တာရွင် အနေဖြင့် ကျနော်တို့ကို အောင်မြင်ခြင်းရလဒ်တွေ ယူဆောင်လာပေးပြီး ကျနော်တို့ရဲ့ အနာဂတ်နှင့် ကျနော်တို့ရဲ့ သားစဉ်မြေးဆက် ကလေးတွေကို စစ်ကြောင့်ဖြစ်ပေါ်လာသော ဒုက္ခရလဒ်များကို ကာကွယ်ပေးသွားနိုင်တာကြောင့် ကျနော်တို့တတွေ စည်းလုံးညီညွတ်ရမည်။  ငါတို့ရဲ့ အိမ်ကို ငါတ်ု့ကာကွယ်ရမည်ကြောင်း၊ ငါတို့ရဲ့ ပြည်သူတွေကို ငါတို့ကာကွယ်စောင့်ရှောက်ရမည်ဟု မိန့်ခွန်းပြောကြားသွားပါသည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဝင်တွေဘက်က တရားဝင်ကြေညာချက်ထုတ်ပြန်ထားခြင်းမရှိသေးသော်လဲ တရုတ်မီဒီယာတစ်ခုက ဖော်ပြထားကြောင်း၊ တစ်ဖက်မှာလဲ MNDAA-KIA-AA အနေနဲ့ PDF တို့သည် ၎င်းသုံးဖွဲ့ရဲ့ အသုံးချခံများ သက်သက်သာဖြစ်ကြောင်းကို တရုတ်စာသားများနှင့် သရော်ထားတာကိုတွေ့ရကြောင်း ဘာသာပြန်ရေးသား ဖော်ပြထားပါတယ်။

ဘာသာပြန်ရေးသားသူရဲ့ ဖော်ပြချက်ကို ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင် NUG နဲ့ လက်တွဲပြီး PDF ကို အကြမ်းဖက်သင်တန်းပေးပြီး လက်နက်ရောင်းချပေးခဲ့တဲ့ KIA ကိုယ်တိုင်က PDF ကို အသုံးချဖို့သက်သက် အကြမ်းဖက်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးခဲ့ခြင်းဖြစ်တာကို တွေ့ရပါလိမ့်မယ်။ PDF တွေကို စစ်သွေးကြွအကြမ်းဖက်သမားများဖြစ်အောင် အကြမ်းဖက်သင်တန်းပေး၊ လက်နက်ရောင်းချပေးပြီး ဗမာအချင်းချင်း ရန်တိုက်ပေးခဲ့တဲ့ လုပ်ရပ်ကို တွေ့မြင်နိုင်ပါတယ်။

KIA သူပုန်အဖွဲ့ဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ထဲကနေ ခွဲထွက်သယောင် ပြပြီး NUG နဲ့ လက်တွဲခဲ့ခြင်းရဲ့ အဖြေကိုလည်း အခုလို လုပ်ရပ်က ထင်ရှားစေခဲ့ပါပြီ။ မြောက်ပိုင်းမဟာမိတ်အဖွဲ့က တိုက်ခိုက်မှုတွေ လုပ်ဆောင်လာတဲ့အချိန်မှာ မောင်ဆောင်းခ ဆိုတဲ့ ခွေးသူတောင်းစားဦးဆောင်တဲ့ BPLA နဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းထဲက PDF တချို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့အတူ သွားရောက် တိုက်ခိုက်ခဲ့တာမျိုး ရှိခဲ့ပါတယ်။ တဖက်မှာ NUG အကြမ်းဖက်အဖွဲ့ ကလည်း တရုတ်ကို ချည်းကပ်တဲ့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်လာခဲ့ပါတယ်။

အဖြေကတော့ KIA, MNDAA, TNLA, AA သူပုန်အဖွဲ့တွေဟာ သူတို့ရဲ့ အာဏာတည်ဆောက်နိုင်ဖို့ NUG နဲ့ PDF ကို အသုံးချခဲ့ခြင်းသာ ဖြစ်ပါတယ်။ မြောက်ပိုင်းမဟာမိတ်နဲ့အတူ တိုက်ပွဲဝင်နေပါတယ်ဆိုပြီး အကြမ်းဖက်အလံကို တလူလူလွှင့်ထူပြနေတဲ့ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF, BPLA ဆိုတဲ့ လူ့ငနွားတွေလည်း မိမိတို့ရဲ့ ဆင်ကန်းတောတိုး လုပ်ရပ်တွေကို ပြန်လည်သုံးသပ်ကြည့်ကြပါအုံး။

တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူထားတဲ့ ကာလအတွင်း ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေက အလုံးစုံပျက်သုဉ်းရေးအတွက် လှုံ့ဆော်တယ်။ ဆင်ခြင်တုံတရားမရှိတဲ့ နီပိန်းတွေက အကြမ်းဖက်သမားများအဖြစ်နဲ့ ပါဝင်အသုံးတော်ခံခဲ့ကြတယ်။ သူပုန်တွေက အခွင့်ကောင်းယူပြီး လူပါးဝသွားခဲ့တယ်။ သူပုန်တွေ လူပါးဝခွင့်ရဖို့ နီပိန်းတွေ နွားဖြစ်ခဲ့ရတယ်။

နိုင်ငံတော်တာဝန်ရှိသူများအနေနဲ့လည်း တိုင်းရင်းသားလက်နက်ကိုင် အမည်ခံပြီး တိုင်းဖျက် ပြည်ဖျက် အဆင့်ကနေ တိုင်းရင်းသားပြည်သူအများစု ကိုးကွယ်ရာ ဘာသာ သာသနာကို ထိပါးစော်ကားလာသည်အထိ မိုက်လုံးထွားလာတဲ့ သူပုန်အဖွဲ့တွေအပေါ် ဘယ်အချိန်အထိ သဘောကောင်းနေမှာလဲလို့ မေးခွန်းထုတ်ပရစေ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)