တက္ကသိုလ် ကျောင်းသားကျောင်းသူများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းနှင့် ကျောင်းဝင်ကြေး၊ ကျောင်းလခ ပေးသွင်းခြင်းတို့ကို အွန်လိုင်းမှ ချိတ်ဆက်ဆောင်ရွက်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တက္ကသိုလ် ကျောင်းသားကျောင်းသူများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းနှင့် ကျောင်းဝင်ကြေး၊ ကျောင်းလခ ပေးသွင်းခြင်းတို့ကို အွန်လိုင်းမှ ချိတ်ဆက်ဆောင်ရွက်မည်



MNP ၊ ဇန်နဝါရီ ၃၁

တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်း (Registration)နှင့် ကျောင်းဝင်ကြေး၊ ကျောင်းလခ ပေးသွင်းခြင်း (Online/ Mobile Payment)တို့ အွန်လိုင်းမှ ချိတ်ဆက်ဆောင်ရွက်ရေးဦးစီးကော်မတီ အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရုံးအမှတ်(၁၃)၊ ပညာရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန်၊  ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များမှ  ဦးစီးကော်မတီဝင်များ၊ လုပ်ငန်း အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

ဦးစွာ ဒုတိယဝန်ကြီးက တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၏ နေ့သင်တန်း ကျောင်းအပ် ကာလကို ဖေဖော်ဝါရီ ၁၅ ရက်အထိလည်းကောင်း၊ အဝေးသင် သင်တန်း ကျောင်းအပ်ကာလကို  ဖေဖော်ဝါရီ ၂၉ ရက်အထိလည်းကောင်း လက်ခံဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်း (Registration)နှင့် ကျောင်းဝင်ကြေး၊ ကျောင်းလခ ပေးသွင်းခြင်းတို့ အွန်လိုင်းမှချိတ်ဆက် ဆောင်ရွက်ရေး Application/Software Porgram ရေးသားပြီးစီးမှု အခြေအနေကို တင်ပြ၍ ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း၊ Data အချက်အလက်များ လုံခြုံရေးကို အလေးထား စေလိုပါကြောင်း၊ ပညာရေးဝန်ကြီးဌာနရှိ သင်ကြား၊ စီမံဝန်ထမ်းများ၏ Data အချက်အလက်များကို ပညာရေးစီမံခန့်ခွဲမှု သတင်းအချက်အလက် စနစ်တွင် ထည့်သွင်းထားရှိပါကြောင်း၊ တစ်ဖက်တွင်လည်း ကျောင်းအပ်ခြင်းအတွက် အွန်လိုင်းမှ ကျောင်းသား မှတ်ပုံတင်ခြင်း - Online Student Registration စနစ်တည်ဆောက်ပြီးပါက ကျောင်းသား ကျောင်းသူဆိုင်ရာ အချက်အလက်များကို လွယ်ကူလျင်မြန်စွာထည့်သွင်းကာ အွန်လိုင်းမှ ကျောင်းဝင်ကြေး၊ ကျောင်းလခပေးသွင်းနိုင်သဖြင့် ကျောင်းသား ကျောင်းသူများ အတွက် အချိန်ကုန် လူပမ်းသက်သာစေမည်ဖြစ်ပါကြောင်း၊ ယခုလုပ်ငန်းစဉ်၏ အန္တိမ ရည်မှန်းချက်မှာ တက္ကသိုလ်များတွင် School Management System တည်ဆောက် အသုံးပြုပြီး ကျောင်းသားပညာ အရည်အသွေး တိုးတက်မှုမှတ်တမ်းမှစ၍ ဘွဲ့ရပြီးနောက် အလုပ်အကိုင်ရရှိမှု  အခြေအနေအထိ မှတ်တမ်းထားသည့်စနစ်ကို အဆင့်အဆင့် အကောင် အထည်ဖော်ဆောင်ရွက် မည်ဖြစ်ပါကြောင်း၊ ရရှိလာသည့် အချက်အလက်များအပေါ်မူတည်၍ ပံ့ပိုးဆောင်ရွက်ရမည့် ကဏ္ဍများကို လေ့လာဆန်းစစ်ခြင်းဖြင့် ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု နိုင်မည်ဖြစ်သဖြင့် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။ 

ဆက်လက်၍ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ရှင်းလင်းပြောကြားပြီး ဦးစီးကော်မတီဝင်များနှင့် လုပ်ငန်းအဖွဲ့ဝင်များက ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တင်ပြကြပြီး ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)