တာမွေမြို့နယ်၌ မူးယစ်ဆေးဖြတ်သင်တန်းသားများအား စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်း စီမံခန့်ခွဲမှုဘာသာရပ် ဆွေးနွေးပို့ချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်၌ မူးယစ်ဆေးဖြတ်သင်တန်းသားများအား စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်း စီမံခန့်ခွဲမှုဘာသာရပ် ဆွေးနွေးပို့ချပေး

 





MNP ၊  ဇန်နဝါရီ    ၂၄

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံးတွင် စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ စောင့်ရှောက်မှုခံယူနေသည့် မူးယစ် ဆေးဖြတ်သင်တန်းသားများအား ယနေ့နံနက်ပိုင်းအချိန်က အဆိုပါအသင်းရုံး မေတ္တာစံအိမ်ခန်းမ၌ စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်း စီမံခန့်ခွဲမှုဘာသာရပ်ကို ဆွေးနွေးပို့ချပေးခဲ့သည်။

   အခမ်းအနားတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စာရေးဆရာ ညီညီ(စိတ်ပညာ)က မူးယစ် ဆေးဖြတ်သင်တန်းသားများအား စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်း စီမံခန့်ခွဲမှု အကြောင်းအရာများနှင့် ပတ်သက်၍ အကျယ်တဝင့် အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေမြန်းခဲ့ကြရာ စာရေးဆရာ ညီညီ(စိတ်ပညာ)က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။

             “ တိုင်းပြည်တစ်ပြည်မှာ လူ့စွမ်းအားအရင်းအမြစ်ဆိုတာရှိပါတယ်။ လူ့စွမ်းအားအရင်းအမြစ်ဆိုတာ လူတွေ ပေါ်မှာပဲ မူတည်ပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေကိုလည်း တန်ဖိုးရှိအောင် မြှင့်တင်ဖို့လိုသလို အမျိုးသားတွေ ကိုလည်း တန်ဖိုးရှိအောင် မြှင့်တင်ဖို့လိုပါတယ်။ အဲဒီထဲမှာမှ သာမန်မဟုတ်ဘဲ မူးယစ်နွံထဲကို ကျဆင်းပြီးတော့ တစ်ခါ အသစ်တစ်ဖန် ပြန်လည်မွေးဖွားမဲ့ လူသားတွေပေါ်လာတာပေါ့။ တစ်နည်းပြောရရင် ဒီကလေးတွေပေါ့။ အဲဒီကလေး တွေအတွက်လည်း ဘဝမြှင့်တင်ရေးဆိုတာ လိုအပ်ပါတယ်။ သူတို့တွေသည် ဒီဆေးဝါးတွေရဲ့ နွံထဲမှာ နွံနစ်ခဲ့ရတယ်။ သူတို့စိတ်ကို သူတို့အလိုလိုက်ခဲ့တဲ့အတွက် ဒီလိုမျိုး မူးယစ်ရဲ့သားကောင် ဖြစ်ခဲ့ရတယ်။ အခုအခါမှာ သူတို့ဟာ အမြင် မှန်ရလာပြီး ဘဝအသစ်ကို ကြိုးစား၍ ပြန်လည်ထူထောင်မယ်ဆိုတဲ့အခါကျတော့ ကျွန်တော့်အနေနဲ့ ပြောင်းလဲခြင်းကို ဘယ်လိုစီမံခန့်ခွဲတယ်ဆိုတဲ့ အကြောင်းကို ဆွေးနွေးပို့ချဖို့ စီစဉ်ထားပါတယ်။ ဒါဟာ လူ့စွမ်းအားအရင်းအမြစ်ကို တစ်နည်းတစ်ဖုံနဲ့ ပံ့ပိုးတာ၊ ထောက်ပံ့တာပဲဖြစ်ပါတယ်။ အဲဒါကြောင့် ဒီမှာလာပြီး ကိုယ်သိထားတဲ့ အသိပညာ ဗဟု သုတတွေကို မျှဝေဆွေးနွေးဖြစ်တာပါ ” ဟု စာရေးဆရာ ညီညီ(စိတ်ပညာ)ကပြောသည်။

မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုအနေဖြင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန ၏ ပြန်လည်ထူထောင်ရေးစခန်းအသီးသီးတွင် မူးယစ်ဆေးဖြတ်ပြီးသည့် မူးယစ်ဆေးဖြတ်သင်တန်းသားများအား စိတ် ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-ခုနှစ်အတွင်း စုစုပေါင်း မူးယစ် ဆေးဖြတ် သင်တန်းသား (၆၄)ဦးကို စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင် ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)