မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကိုဗစ် - ၁၉ ရောဂါ ရန်ပုံငွေမှ ချေးငွေများရယူထားသည့် ကုမ္ပဏီ/ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကိုဗစ် - ၁၉ ရောဂါ ရန်ပုံငွေမှ ချေးငွေများရယူထားသည့် ကုမ္ပဏီ/ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်





MNP ၊ဇန်နဝါရီ  ၂၄

ကိုဗစ် - ၁၉ ရောဂါရန်ပုံငွေမှ ချေးငွေများရယူထားသည့် ကုမ္ပဏီ/ စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကုမ္ပဏီ/ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်သည်။

         အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၁၉ ခုနှစ်မှာ ကမ္ဘာတစ်ဝန်းဖြစ်ပွားခဲ့တဲ့ ကိုဗစ်ကူးစက်ရောဂါဆိုးကြီးကြောင့် ကမ္ဘာနှင့်အဝှမ်း စီးပွားရေးပျက်ကပ်ကြီးဖြစ်ပွားခဲ့ပြီး မိမိတို့ နိုင်ငံသည်လည်း ရောဂါဆိုးကြီးရဲ့ဒဏ်ကို ကာလအတန်ကြာအောင် အလူးအလဲခံခဲ့ရပြီး နောက်ဆက်တွဲများအဖြစ် စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေးအခြေအနေ အများအပြား ထိခိုက်နစ်နာမှုများရှိခဲ့သည့်အတွက် လိုအပ်သည့်ထောက်ပံ့မှု အစီအစဉ်များဆောင်ရွက်နိုင်ဖို့ နိုင်ငံတော်မှ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးလုပ်ငန်းများအပေါ် ထိခိုက်မှုများကို ကုစားရာမှာ ကာလတိုအတွင်း ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပုံမှန်လျင်မြန်စွာ ပြန်လည်ရှင်သန် ဖွံ့ဖြိုးလာစေရေးနှင့် အဆင်ပြေချောမွေ့စွာ လည်ပတ်လုပ်ကိုင်ဆောင်ရွက်နိုင်ရေး၊ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကအထောက်အကူပြုနိုင်သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ Supply Chain တစ်ခုလုံးအတွက် လိုအပ်သည့်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး၊ အလုပ်အကိုင်အသစ်များဖန်တီးပေးရေးနှင့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ ပညာရပ်များလေ့ကျင့်နိုင်ရေးနှင့် စီးပွားရေးနှင့် သက်ဆိုင်သည့် မူဝါဒများဆိုင်ရာ ဖြေလျှော့မှုများနှင့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်မည့် အစီအစဉ်များရေးဆွဲဆောင်ရွက်ခဲ့ကြောင်း၊ မွန်ပြည်နယ်မှာ ချေးငွေရယူထားတဲ့ စီးပွားရေးလုပ်ငန်းရှင် ၁၈၆ ဦး ချေးငွေသက်တမ်း ပြည့်မြောက်တဲ့အရေအတွက်အနေနဲ့ ၁၈၀ ဦးရှိပြီးတော့ ကျန်ရှိတဲ့ ၆ ဦးကတော့ ဖေဖေါ်ဝါရီလ မှာ ၃ ဦး၊ ဧပြီ ၁ ဦးနဲ့ မေမှာ ၂ ဦးဖြစ်ပါကြောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ မိမိတို့ပြည်နယ်အတွင်း စီးပွားရေးဖွံဖြိုးတိုးတက်ဖို့ အလုပ်အကိုင် အခွင့်အလမ်းတွေပေါများဖို့ စားရေရိက္ခာဖူလုံဖို့ စသဖြင့်ဘက်ပေါင်းစုံကနေ အားကြိုးမာန်တက် ဆောင်ရွက်လျက်ရှိရာမှာ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် (၈) ဘီလီယံကနေပြီး စီးပွားရေးလုပ်ငန်းရှင်များကို ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း၊ ချေးငွေရယူလိုသူများအနေနဲ့ ကိုဗစ်ချေးငွေကို ဦးစွာအပြေအကြေပေးဆပ်ပြီးမှသာ နိုင်ငံ့စီးပွားချေးငွေရရှိရေးကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များရဲ့ အခက်အခဲများကို အကောင်းဆုံးဖြစ်အောင် ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ကိုဗစ်ချေးငွေ အပြည့်အဝပေးဆပ်ရန် ကျန်ရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် အချိန်ကာလတစ်ခုအထိ သုံးသင့်သလောက်လည်း သုံးပြီးဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်ကြီးများ အပေါ်ထားရှိတဲ့ နိုင်ငံတော်ရဲ့စေတနာကို အသိအမှတ်ပြုနားလည်ပေးပြီး မိမိတို့ကဲ့သို့ ချေးငွေမရရှိသေးတဲ့ အခြားစီးပွားရေးလုပ်ငန်းရှင်တွေကို တစ်လှည့်ပြန်ပြီး ကူညီဆောင်ရွက်ပေးနိုင်‌ရေး ချေးငွေများကို ပြန်လည်ပေးဆပ်ပေးကြစေလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများအနေဖြင့် ဒီ ၃ လအတွင်းမှာတော့ မိမိတို့ရယူထားတဲ့ ချေးငွေများကို သက်ဆိုင်ရာ မြို့နယ်များရှိမြန်မာ့စီးပွားရေးဘဏ်များမှာ အပြေအကြေ ပေးဆပ်ပေးကြ‌စေလိုကြောင်း ပြောကြားသည်။

ထိုနောက် တက်ရောက်လာသော ကုမ္ပဏီ/ စီးပွားရေးလုပ်ငန်းရှင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်‌ပေးကာ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)