မင်းဘူးမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် နေ့စဉ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူးမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် နေ့စဉ်ဆောင်ရွက်





MNP ၊ဇန်နဝါရီ ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က နေ့စဉ်တာဝန်ကျဝန်ထမ်းများဖြင့် အမြဲမပြတ် ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းနိုင်ထံမှ သိရသည်။

မင်းဘူးမြို့တွင် မြို့တွင်းနှင့်မြို့ပြင် သန့်ရှင်းသာယာလှပစေရေးအတွက် လမ်းဘေး ဝဲ/ယာရှိ ရေမြောင်းများတူးဖော်ခြင်း၊ အမှိုက်များလှဲခြင်း၊ လမ်းနယ်နိမိတ်နှင့် မလွတ်ကင်းသည့်သစ်ပင်များ၊ သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ ပလက်ဖောင်းများနှင့် Flower Box များ ဆေးသုတ်ခြင်း၊ အလှပုံဖော်ခြင်း၊ ပန်းအလှပင်များ စိုက်ပျိုးခြင်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် မြို့လယ်ပန်းခြံတွင် လာရောက်အပန်းဖြေကြသည့် ပြည်သူများ ကိုယ်စိတ်ပေါ့ပါးကာ လန်းဆန်းစေသည့် ပန်းပင်များ စိုက်ပျိုးပေးထားသည့်အပြင် ကလေးငယ်များ ပျော်ရွှင်စွာဆော့ကစားနိုင်ရန် အားကစားပစ္စည်းများလည်း စီစဉ်ပေးထားကြောင်း သိရသည်။

ထို့နောက် မင်းဘူးမြို့အဝင် ဧရာဝတီမြစ်ကမ်းဘေးရှိ ရှုခင်းသာပန်းခြံကိုလည်း ပြည်သူများ စိတ်လက်ကြည်ဖြူစွာ အနားယူအပန်းဖြေနိုင်ရန် ထိုင်ခုံများအား သပ်သပ်ရပ်ရပ်ဖြင့် ထိုင်ချင်စဖွယ်ပြုပြင်ထားရှိကာ ပန်းအလှပင်များလည်း အမြဲစိမ်းစိုလန်းဆန်းနေစေရန် ရေလောင်းခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းများဖြင့် သာယာလှပစေရေးအတွက် အမြဲဆောင်ရွက်နေကြကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။


ဇေယျာထက်(မင်းဘူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)