ရွှေတောင်မြို့နယ်တွင် နွေစပါးစိုက်ပျိုးမည့်တောင်သူများနှင့် ညှိနှိုင်းတွေ့ဆုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရွှေတောင်မြို့နယ်တွင် နွေစပါးစိုက်ပျိုးမည့်တောင်သူများနှင့် ညှိနှိုင်းတွေ့ဆုံဆွေးနွေးပွဲကျင်းပ

 

3

2

1

MNP ၊ ဇန်နဝါရီ -၁၀

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် ၊အိုးထိမ်းကုန်းအုပ်စု၊အိုးထိမ်းကုန်းကျေးရွာ၊ရွှေစာရံဘုရားဓမ္မာရုံတွင် ယမန်နေ့ နေ့လယ်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏လမ်းညွှန်ချက်နှင့်အညီ နွေစပါးစိုက်ပျိုးမည့်တောင်သူများနှင့် ညှိနှိုင်းတွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ရွှေတောင်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ  ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများမှ အိုးထိမ်းကုန်းကျေးရွာအုပ်စုအတွင်း နတ်မှော်လျှပ်စစ်မြစ်ရေတင်ဖြင့် နွေစပါးစိုက်ဧက ( ၁၇၀) စိုက်ပျိုးမည့် 

တောင်သူ ( ၄၅) ဦး တို့နှင့် တွေ့ဆုံ၍ လျှပ်စစ်မြစ်ရေတင်ဖြင့် ၂၀၂၄-ခုနှစ်၊ ဇန်နဝါရီ လ ( ၁၅)  ရက်နေ့မှစတင်ပြီး ရေပေးဝေမည်ဖြစ်ကြောင်း၊သက်တမ်းတိုးအထွက်ကောင်ပျိုးများ ပြောင်းလဲစိုက်ပျိုးရေး၊ ပျိုးထောင်စိုက်ပျိုးခြင်းနှင့် အစေ့ချစနစ်ဖြင့်သာ စိုက်ပျိုးမှုများဆောင်ရွက်ရန်၊ ကြဲခင်းများ လုံးဝ ( လုံးဝ) စိုက်ပျိုးခြင်း မပြုရန်တို့အား အသေးစိတ်ဆွေးနွေးခဲ့ရာ တက်ရောက်လာသော တောင်သူများမှ မျိုးလိုအပ်ချက်နှင့် သွင်းအားစုလိုအပ်ချက်များအပေါ် ဆွေးနွေးတင်ပြကြရာ မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ  ဥက္ကဌမှ သက်ဆိုင်ရာ ဌာနများနှင့်ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။

ရွှေတောင်မြို့နယ်အတွင်း ၂၀၂၃- ၂၀၂၄ခုနှစ်၊ နွေစပါးစိုက်ပျိုးရန်လျာထားဧက ( ၁၉၂၇) ဧကအပေါ် လျာထားချက်ထက် ပြည့်မီကျော်လွန်ပြီး စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီမှ နွေစပါးစိုက်ပျိုးမည့် ရပ်ကွက် / ကျေးရွာအုပ်စုများသို့ မြေပြင်ကွင်းဆင်း၍ တောင်သူများနှင့်တွေ့ဆုံးပြီး သက်တမ်းတိုအထွက်ကောင်းမျိုးများစနစ်တကျစိုက်ပျိုးစေရေး စဉ်ဆက်မပြတ်ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages