တောင်ကြီးမြို့နယ်တွင် ဘိန်းဖြူ ၁၃၂၀၀၀ ဂရမ်ခန့်၊ ကာလတန်ဖိုး ကျပ်သိန်း ၁၉၈၀၀ ကျော်ဖိုး ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးမြို့နယ်တွင် ဘိန်းဖြူ ၁၃၂၀၀၀ ဂရမ်ခန့်၊ ကာလတန်ဖိုး ကျပ်သိန်း ၁၉၈၀၀ ကျော်ဖိုး ဖမ်းဆီးရမိ




MNP ၊ ဇန်နဝါရီ ၁၅

ရဲတပ်ဖွဲဝင်များနှင့် အသွင်ပြောင်းပြည်သူစစ်(ဌာနေ) PNO အဖွဲ့ဝင်တို့သည် သက်သေများနှင့်အတူ ဇန်နဝါရီလ ၉ ရက်နေ့တွင် တောင်ကြီးမြို့နယ်၊ နောင်ကားကျေးရွာရှိ ဈေးအရှေ့၌ ယာဉ်များအား စစ်ဆေးနေစဉ် ဘိန်းဖြူ ၁၃၂၀၀၀ ဂရမ်ခန့်၊ ကာလတန်ဖိုး ကျပ်သိန်း ၁၉၈၀၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကျောက်တစ်လုံးကြီးမြို့ဘက်မှ တောင်ကြီးမြို့ဘက်သို့ အမျိုးသား ၂ ဦး မောင်းနှင်လာသည့် ယာဉ်အမှတ်၊ 2K-7163(အဖြူရောင်) (လိုင်စင်မဲ့)ယာဉ်အား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် လိုက်လံရှာဖွေရာ နောင်ကား-ပုန်းအယ် အကြားရှိ တောလမ်း၌ ယာဉ်အား ရပ်တန့်ထားသည်ကို တွေ့ရှိခဲ့သဖြင့် စစ်ဆေးခဲ့ရာ ယာဉ်၏ နောက်ခန်းရှိ ဆာလာအိတ် ၆၀ အိတ်အတွင်းမှ ဘိန်းဖြူ ဆပ်ပြာခွက် ၁၃၂၀၀ ခွက်၊ တစ်ခွက်လျှင် ၁၀ ဂရမ်နှုန်းဖြင့် ၁၃၂၀၀၀ ဂရမ်ခန့်၊ ကာလတန်ဖိုး ကျပ်သိန်း ၁၉၈၀၀ ခန့်အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


Photo - ရွှေနေကြာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)