နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေတွင် ပြည်ထောင်စုအဆင့် ပါတီများ ပါတီဝင်ဦးရေ အနည်းဆုံး ၅၀၀၀၀ အဖြစ် ပြင်ဆင်သတ်မှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေတွင် ပြည်ထောင်စုအဆင့် ပါတီများ ပါတီဝင်ဦးရေ အနည်းဆုံး ၅၀၀၀၀ အဖြစ် ပြင်ဆင်သတ်မှတ်

 


MNP ၊ ဇန်နဝါရီ ၂၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအသစ်ကို ပြဋ္ဌာန်းခဲ့ပြီး အဆိုပါ ဥပဒေအား ပြင်ဆင်သည့်ဥပဒေအဖြစ် ယမန်နေ့ (၃၀-၁-၂၀၂၄) ရက်နေ့က ထုတ်ပြန်ခဲ့ရာ ပြည်ထောင်စုအဆင့်ပါတီများကို ပါတီဝင်ဦးရေအနည်းဆုံး (၁၀၀၀၀၀) ဆိုသည့် စကားရပ်ကို "ပါတီဝင်ဦးရေ အနည်းဆုံး (၅၀၀၀၀)" ဆိုသည့် စကားရပ်ဖြင့် ပြင်ဆင်သတ်မှတ်လိုက်သည်။

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ တွင်

(ပါတီတည်ထောင်လိုသူများ၏ ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်တို့သည် ကော်မရှင်က သတ်မှတ်ထားသည့် မှတ်ပုံတင်ကြေး ပေးသွင်း၍ မိမိတို့ တည်ထောင်လိုသော ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် အောက်ပါအချက်များကို တင်ပြပြီး သတ်မှတ်သည့်အတိုင်း ကော်မရှင်သို့ လျှောက်ထားရမည် - (စ) ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့် ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေအနည်းဆုံး ၁၀၀၀၀၀ ကို စည်းရုံးမည်ဖြစ်ကြောင်း ဝန်ခံချက် သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၉၀အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို စည်းရုံးမည်ဖြစ်ကြောင်း ဝန်ခံချက်) ဟု ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။

ယခု ထပ်မံထုတ်ပြန်သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ ပုဒ်မ ၅ တွင်

(ပါတီတည်ထောင်လိုသူများ၏ ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်တို့သည် ကော်မရှင်က သတ်မှတ်ထားသည့် မှတ်ပုံတင်ကြေး ပေးသွင်း၍ မိမိတို့ တည်ထောင်လိုသော ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် အောက်ပါအချက်များကို တင်ပြပြီး သတ်မှတ်သည့်အတိုင်း ကော်မရှင်သို့ လျှောက်ထားရမည် - (စ) ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့် ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်မတိုင်မီ အနည်းဆုံး ရက်ပေါင်း ၉၀ ကြိုတင်၍ ကော်မရှင်က အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သည့်နေ့ရက် အတွင်း ပါတီဝင်ဦးရေအနည်းဆုံး ၅၀၀၀၀ ကို စည်းရုံးမည်ဖြစ်ကြောင်း ဝန်ခံချက် သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၉၀အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို စည်းရုံးမည်ဖြစ်ကြောင်း ဝန်ခံချက်) ဟု ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။

၃၀-၁-၂၀၂၄ ရက်နေ့က ထုတ်ပြန်သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေတွင် ပုဒ်မ ၂ ပုဒ်မခွဲ (ဆ) ကိုလည်းကောင်း၊ ပုဒ်မ ၅ ပုဒ်မခွဲ (စ)(ဇ)ကိုလည်းကောင်း၊ ပုဒ်မ ၁၇ ကိုလည်းကောင်း၊ ပုဒ်မ ၁၉ ကိုလည်းကောင်း ပြင်ဆင်ထားသည်ကို တွေ့ရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)