ပြင်ဦးလွင်မြို့ အ.ထ.က(မိုးကြိုးပစ်) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန် ဆုပေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့ အ.ထ.က(မိုးကြိုးပစ်) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန် ဆုပေးပွဲ ကျင်းပ


MNP   ၊ ဇန်နဝါရီ  ၂၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်ရှိ အ.ထ.က(မိုးကြိုးပစ်) အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ် ပညာရေး စုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန်ဆုပေးပွဲကို အဆိုပါကျောင်းခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပသည်။

ရှေးဦးစွာ ပြင်ဦးလွင်မြို့နယ်ပညာရေးမှူး ဒေါ်နွဲ့နွဲ့စန်း၊ စာရေးဆရာ ကိုရွှေအောင်သင်း၊ မိုးကြိုးအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အ.ထ.က(မိုးကြိုးပစ်) ကျောင်းအုပ်ဆရာမကြီး ဒေါ်မေသီထက်နွေကျော်တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားသည်။

ဆက်လက်၍ ဘက်စုံပညာရည်ချွန်ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ၊ ထူးချွန်ဆုရ ဆရာမများ၊ နိုင်ငံတော်အဆင့်/ တိုင်း၊ ခရိုင်နှင့်မြို့နယ်အဆင့် ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိခဲ့သည့် ကျောင်းသား/သူများအား ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ပြီးနောက် ကျောင်းသား/သူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

ထို့နောက် အ.ထ.က(မိုးကြိုးပစ်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေသီထက်နွေကျော်က အခမ်းအနားဖြစ်မြောက်ရေးတွင် ပါဝင်ကူညီခဲ့ကြသော ကျောင်းအကျိုးတော်ဆောင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။ အဆိုပါ အ.ထ.က(မိုးကြိုးပစ်) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသော၂၀၂၃-၂၀၂၄ပညာသင်နှစ် ပညာရေးစုံညီပွဲတော်သို့ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ စုံလင်စွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)