MNP ၊ဇန်နဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် တာဝန်ယူဆောင်ရွက်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး နှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းအခြေခံနှင့် မွမ်းမံတန်ဖိုးမြှင့် စားသောက်ကုန် ( သီးနှံအခြေခံ ယို ၊ ဖျော်ရည် ၊ ဝိုင် အမျိုးမျိုး ) ထုတ်လုပ်မှု နည်းပညာသင်တန်း သင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲကို ယနေ့ မွန်းလွဲပိုင်း (၂) နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၅) ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိုင်းအောင်ကြည်မှ အဖွင့်အမှာစကား ပြောကြားပြီး မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလုပ်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းဗိုလ်က အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းနှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး တာဝန်ရှိသူများက ထူးချွန်သင်တန်းသားများအား ဆုများ ချီးမြှင့်ပေးခဲ့ပြီး သင်တန်းသားများအား သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များ အသီးသီး ပေးအပ်ခဲ့ကြ၍ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် အမှတ်တရ စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment